Chapter-14 (Zawgyi)

123 7 0
                                    


Vegas's pov

Peteနဲ့ငါနဲ့နောက်ဆုံး စကားပြောခဲ့ကြတာ တစ်ပတ်တောင်ကြာခဲ့ပြီ အဲ့နေ့မနက်ပိုင်းကပဲ Peteကရုတ်တရက်ထွက်သွားတာ ငါ့ကိုဘာမှထပ်မပြောဘဲထွက်သွားတာမို့ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရတာပေါ့

ဒီနေ့ကတော့ တကယ့်စစ်ပွဲနေ့ပဲ ဟုတ်တယ်Peteပြောတဲ့အတိုင်း ငါတို့မျက်နှာချင်းဆိုင်တိုက်ရမှာ ဘာလို့လဲဆိုတော့ မိသားစုငယ်က အီတလီဘက်နဲ့ပူးပေါင်းလိုက်တာမို့ ဒါပေမဲ့ငတုံးမိသားစုကြီးကတော့ ဘာမှမသိသေးဘူး ဒီနေ့တော့သိရတော့မှာပေါ့လေ

တစ်ပတ်အတွင်းမှာအဖေက အစီအစဉ်တွေအကုန်ချခဲ့ပြီး မိသားစုကြီးကိုကျူးကျော်တော့မှာ


အီတလီမားဖီးယားဘက်က မိသားစုကြီးကိုအရင်ရှေ့ပြေးတိုက်ခိုက်တာမို့ ငါနဲ့အဖေနဲ့ကနောက်ကတူတူလိုက်လာတယ် ဒါပေမဲ့မိသားစုကြီးရဲ့ ဆက်တိုက်တိုက်ခိုက်မှုကြောင့် ငါ့အဖေနဲ့လူစုကွဲသွားတယ်

ယမ်းအမှုန့်နဲ့မီးခိုးဗုံးတွေကြောင့် ပတ်ဝန်းကျင်ကိုသေသေချာချာမမြင်ရတော့ဘူး ဒါပေမဲ့အဖေနဲ့Nopနဲ့အတူရှိနေမယ်လို့မျှော်လင့်ပြီး အီတလီဘက်ကလူတွေနဲ့ပစ်မှတ်အသစ်ရှာဖို့ စင်္ကြန်ကနေဆင်းလာလိုက်တယ် Peteအန္တရာယ်ကင်းနိုင်ဖို့လဲမျှော်လင့်မိတယ်

ခနကြာတဲ့အထိ အဖေ့အရိပ်မတွေ့သေးတာမို့ ငါအဖေ့ကိုရှာဖို့ဆုံးဖြတ်လိုက်တယ် အီတလီဘက်ကဟာတွေက သူတို့နောက်ကိုပဲလိုက်ဖို့ပြောပေးမဲ့ ငါအလစ်မှာသီးခြားအပေါက်ကခွဲထွက်လာခဲ့တယ် ငါစံအိမ်တော်ထဲထိရောက်လာတော့ ထူးခြားတဲ့အနံ့ကြောင့် ခေါင်းထဲမူးနောက်နောက်ဖြစ်လာတယ်

ငါလမ်းတောက်လျှောက် မိသားစုကြီးရဲ့ကိုယ်ရံတော်တွေကိုပစ်သတ်ခဲ့တယ် ဒါပေမဲ့Peteကိုမတွေ့ရသေးဘူး ငါပထမထပ်ကိုရောက်တော့ သွေးတွေနဲ့ရေကူးကန်ကိုတွေ့လိုက်ရတယ် ပြီးတော့မှောင်မဲပြီးတိတ်ဆိတ်နေတဲ့ ဟောခန်းတစ်ခုဆီရောက်ခဲ့တယ် ငါလမ်းလျှောက်နေတုန်း ငါ့ကိုလူတစ်ယောက်ကဆွဲခေါ်ခဲ့တယ် အဲ့ဒါကအဖေပဲ

"Vegas ငါတို့အစီအစဉ်ကမှားသွားပြီ"

ငါ့အဖေရဲ့စကားကြောင့် ငါအတော်အံ့အားသင့်နေမိတယ် တစ်ပတ်လုံးလုံးအစီအစဉ်ဆွဲခဲ့တာလေ ပြီးတော့ငါ့အဖေရဲ့ပေါင်မှာ ဓားထိုးသွင်းရာကြီးရှိနေပြီး သွေးတွေအဆက်မပြတ်ထွက်နေခဲ့တယ်

Bound By Blood (Vegaspete)Where stories live. Discover now