Chapter-6 (Unicode)🔞

892 61 2
                                    


Vegas's pov

တစ်ချို့သောဂိုဏ်းတွေက မိသားစုကြီးကိုပုန်ကန်နေကြတာမို့လို့ မိသားစုကြီးကအရေးတကြီး အစည်းအဝေးခေါ်တာမို့ ငါရောက်ခဲ့တယ် အစောပိုင်းထဲက အီတလီဘက်ကပြဿနာရှာတယ်လို့ငါထင်ခဲ့တာ ခုလဲထင်တဲ့အတိုင်းပဲလေ

ခုကိစ္စကိုငါက တာဝန်ယူရတယ် Kinnကခုတစ်လော တော်တော်အလုပ်ရှုပ်နေပေမဲ့ ဘာကိစ္စတွေလဲဆိုတာငါဂရုမစိုက်ဘူး

"ငါခုနကပြောခဲ့သလိုပဲ ဒီမစ်ရှင်ကို Vegasကတာဝန်ယူလိမ့်မယ် နာရီအနည်းငယ်အတွင်း အဆင်သင့်ပြင်ထားကြတော့" Kornကအမိန့်စပေးတယ်

"Vegas ခုမစ်ရှင်မှာမင်းသဘောအတိုင်းလုပ်ခွင့်ရှိတယ် ဒါပေမဲ့တစ်ချို့အစီအစဥ်တွေက ဟာကွက်ဖြစ်သွားနိုင်တာမို့ Mr. Chan ကိုပါခေါ်ချင်ခေါ်သွားပါ"

ငါဦးလေးKornကို ခေါင်းပဲညိတ်ပြလိုက်ရင်း
"ဒီကိစ္စကအသေးစားလေးပါ အန်ကယ် ကျွန်တော်ကိုင်တွယ်နိုင်ပါတယ်"

တကယ်တော့ ငါကAceကိုပါခေါ်သွားမှာမို့ တာဝန်တွေပြီးသွားတော့ အဖေနဲ့အန်ကယ်နဲ့က တောက်လျှောက်စကားတွေဆက်ပြောနေခဲ့တယ် Macauကိုတော့ ငါနဲ့လမ်းအတူပတ်လျှောက်ကြဖို့ခေါ်ခဲ့တာမို့ သူလဲလိုက်လာခဲ့တယ်

ငါတို့လမ်းအတူလျှောက်ခဲ့ကြရင်း ကိုယ်ရံတော်တွေလေ့ကျင့်နေကြတဲ့ နေရာကိုမြင်နိုင်တဲ့ အတော်လေးနီးတဲ့ နေရာကိုရောက်လာတယ် T-shirtအကြပ်လေးဝတ်ထားတဲ့ စက်ဘီးနင်းစက်ပေါ်က တစ်ယောက်ကငါ့မျက်လုံးကို ဖမ်းစားထားတယ် သူတို့လေ့ကျင့်ရင် လေ့ကျင့်ရေးယူနီဖောင်းဝတ်ရမယ်မဟုတ်ဘူးလား

"Hiaဒီမှာရန်သူရှိလို့လား မျက်နှာကြီးကဆူပုပ်နေတာပဲ"

"မဟုတ်ပါဘူး မစ်ရှင်မှာခေါ်သွားရမဲ့သူကို သေချာစဥ်းစားပြီးရွေးနေရလို့ပါ"

Macauလဲခေါင်းလေးပဲညိတ်တာမို့ ငါသူ့ကိုပုခုံးကဖက်ရင်း Training centerထဲဝင်လိုက်တယ် ကိုယ်ရံတော်အတော်များများကငါ့တွေ့တာနဲ့ တန်းစီပြီးဦးညွှတ်ကြပေမဲ့ တစ်စုံတစ်ယောက်ကတော့ ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ သတိထားမိတဲ့ပုံလုံးဝမပေါ်ဘူး

Bound By Blood (Vegaspete)Where stories live. Discover now