Chapter-15 (Unicode)

397 43 2
                                    


Pete's pov

ငါ့ရဲ့နှဖူးပေါ်ကို သေနတ်ပြောင်းတစ်ခုက လာချိန်တာနဲ့ ငါ့အတွေးတွေဗြောင်းဆန်ကုန်တယ် Vegasကိုလဲလူတစ်ယောက်က သေနတ်နဲ့ပစ်လိုက်ပြီး လူတစ်ချို့ကတရွတ်တိုက်ဆွဲခေါ်သွားပေမဲ့ ငါစိတ်ကိုအစိုးမရသေးဘူး ခနကြာတော့မှ

"မိသားစုကြီးရဲ့ကိုယ်ရံတော်ခေါင်းဆောင်ကို သေနတ်နဲ့ချိန်ရဲတဲ့အထိ စောက်သတ္တိတွေရှိနေကြတယ်ပေါ့ သေချင်နေကြတာလား"

ငါ့လက်ထဲကသေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ပြန်ချိန်လိုက်တာမို့ သူတို့၄ယောက်ကငါ့ကိုတစ်ပြိုင်ထဲ ပြန်ချိန်လာတယ်

"ဒါပေမဲ့ မင်းကKhun Vegasနဲ့ အတူရှိနေတာလေ"

"ဟုတ်တယ်လေ သူ့ကိုKhun Kornဆီခေါ်သွားမလို့ Khun Vegasကိုသတ်ရမှာ.....ငါ့တာဝန်"
တံတွေးကိုကြိုးစားမျိုချပြီး အော်ပြောလိုက်တယ်

"Khun Kornကသေသွားပြီ သူ့သားတွေကKhun KornရောKhun Kanရောကိုအအေးတိုက်ကိုပို့ဖို့စီစဥ်နေကြပြီ"

Shit!!သူတို့ကအကုန်သိနေပြီဟ ဘာပဲဖြစ်ဖြစ်ထပ်ကြိုးစားရမှာပဲ

"Khun Vegasကိုဘယ်ကိုခေါ်သွားကြတာလဲ ငါကသူ့ကိုKhun Kinnဆီခေါ်သွားရမှာမို့"

ကျေးဇူးပြုပြီး ပြောပြကြစမ်းပါ

"Khun Vegasကိုသတ်ဖို့အမိန့်ပေးလိုက်ပြီ"

သူတို့သေနတ်တွေကို အောက်ချပြီးငါ့ကိုအလေးပြန်ပြုလာတယ်

"ကျွန်တော်တို့နားလည်မှုလွဲသွားလို့သေနတ်နဲ့ချိန်မိတာပါ ခွင့်လွှတ်ပေးပါ ဒါဆိုခွင့်ပြုပါအုံး"

မိသားစုကြီးက သူတို့ရဲ့သွေးသားတော်တဲ့သူကိုတောင်သတ်ရက်တယ်တဲ့လား နှလုံးသားမရှိတဲ့လူတွေ

ငါ့ကို၄ယောက်လုံးက ဦးညွှတ်ပြပြီး ငါ့ဘေးကဖြည်းဖြည်းချင်းထွက်သွားတာနဲ့ ငါ့လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး အံ့ကိုကြိတ်မိတယ် ပြီးတော့သူတို့ဘက်ကိုလှည့်ပြီး တစ်ယောက်ချင်းစီ ပစ်သတ်ပစ်လိုက်တယ်

BANG! BAND! BANG!

"စောက်ငပိန်းတွေ"

"Pete မင်းဘာတွေလုပ်လိုက်တာလဲ"

Bound By Blood (Vegaspete)Where stories live. Discover now