Chapter-5 (Unicode)

604 52 2
                                    


Pete's pov

မစ်ရှင်တစ်ခုပြီးဆုံးသွားပြီမို့ ငါ့အခန်းဆီပဲ ပြန်လာခဲ့တယ် ဒီနေ့တာဝန်က တအားခက်ခဲလွန်းလွန်းတယ် အကယ်၍Khun Kinnသာ အသက်ရှင်လျှက်ပြန်မလာနိုင်ရင် ငါတို့လဲသေပြီမို့ တော်သေးတာကBigကူညီလို့ ငါတို့အကုန်အသက်ရှင်သွားတာ

Bigကတော့ လက်မောင်းဒဏ်ရာရသွားတာမို့ တစ်ပတ်အနားယူရမယ် ငါကအရင်လိုဆို မစ်ရှင်ပြီးတာနဲ့ Khun Noနဲ့ ဇာတ်ကားလေးအေးဆေးကြည့်ရင်း စားသောက်နေလို့ရတယ် အခုကျအရင်နဲ့မတူတော့ဘူး ဘာပဲဖြစ်ဖြစ် ငါတအားပင်ပန်းနေပြီ

ဒေါက်.....ဒေါက်

ငါတံခါးဖွင့်လိုက်တော့ Kenကငါ့ကိုစားစရာလာပို့ပေးပြီးထွက်သွားတယ်

ငါလဲတံခါးပြန်ပိတ်ပြီး ရေချိုးဖို့စီစဥ်တယ် အင်္ကျီတွေချွတ်လိုက်တော့ ရင်ဘတ်ကအမာရွတ်လေးက အတိတ်နေ့ရက်တွေကို သတိရမိစေတယ် ရေချိုးဇလုံထဲငါ့ကိုယ်ကိုဝင်စိမ်လိုက်တာမို့ လန်းဆန်းသွားတယ်

နေ့တိုင်းလိုလိုတာဝန်တွေကရှိနေတာ Armကလဲ ငါနဲ့အတူအမြဲပါတယ် Polကတော့Khun Noကိုစောင့်ရှောက်ရတယ် ပင်ပန်းလွန်းလို့Polနဲ့ တာဝန်ခနပြောင်းချင်ပေမဲ့ ခုတစ်လောKhun Noက ငါ့ကိုတွန်းထုတ်နေသလိုပဲ

Khun Noနဲ့ အတူကြည့်ရတဲ့ဇာတ်ကားတွေကို လွမ်းမိတယ် ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်ကထဲက Khun Noနဲ့အချိန်အတော်များများ တူတူရှိခဲ့ပေမဲ့ ခုတစ်လောငါ့ကိုတွန်းထုတ်နေတယ် ငါများအမှားလုပ်မိလား သူ့အမိန့်ကိုပဲ မလိုက်နာခဲ့လို့လား မသိပေမဲ့ ငါဝမ်းနည်းမိတယ်

ခုတစ်လောမိသားစုကြီးနဲ့ အီတလီဘက်ကမာဖီးယားတွေနဲ့က ပြဿနာကကြီးကျယ်နေတာမို့ နေ့တိုင်းလိုလိုကို တိုက်ခိုက်နေရတယ်

ရေချိုးခန်းထဲကနေ ရေချိုးဝတ်ရုံလေးနဲ့ထွက်လာပြီး အိပ်ရာပေါ်မှာတန်းအိပ်မလို့ ဆုံးဖြတ်ထားပေမဲ့ ငါ့ရဲ့ ပျက်ဆီးနေတဲ့ အလေ့အကျင့်တစ်ခုက အချိန်မတော်ဗိုက်ထထဆာတာပဲ

ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သွားတော့ နေရတဲ့အခန်းကအစ အဆင့်မြင့်သွားတယ် ကိုယ်ပိုင်ဖုန်းတော့မသုံးရသေးဘူး တစ်လကို၃ရက်နားရက်ရတယ် ဒီလောက်ပါပဲ

Bound By Blood (Vegaspete)Donde viven las historias. Descúbrelo ahora