Chapter-9 (Zawgyi)🔞

197 4 0
                                    


Pete's pov

"Pete မင်းရဲ့ရင်ဘတ်က အမာရွတ်ကဘယ်ကရတာလဲ"

Porscheကငါ့ကို ရုတ်တရက်မေးလာတယ် သူကKinnရဲ့ ကိုယ်ရံတော်အသစ်လေ နောက်မှရောက်လာပေမဲ့ စကားပြောရတာအဆင်ပြေတာမို့ ငါတို့အတော်ခင်သွားတယ်

"ဒီလိုပဲမာဖီးယားလောကမှာ တိုက်ရင်းခိုက်ရင်းရလာတာလေ ဘာမှမထူးဆန်းဘူး"

ငါတို့ရေကူးတာ ၂နာရီနီးပါးလောက်ရှိပြီမို့ ငါအတော်လေးချမ်းနေပြီး အားမရှိတော့ပေမဲ့ Porscheကတော့ အတော်လေးကို တက်ကြွနေတုန်းပဲ

ငါအခုသောက်နေတဲ့ဝိုင်က ဘာအရသာ ဘာတံဆိပ်မှန်းမသိပေမဲ့ ခါးလဲခါးတယ် ချိုလဲချိုတယ် ငါဝမ်းသာစရာတစ်ခုက Khun Noကငါ့ကို စကားပြန်ပြောတယ် Armတို့Polတို့ကလဲ ငါ့ကိုလိုက်စနေကြတယ် ဒီလိုအချိန်မျိုးကိုလွမ်းနေခဲ့ရတာလေ


Vegasရှိတဲ့နေရာကို လှမ်းကြည့်လိုက်တော့ သူကNopနဲ့အတူသောက်နေတာပဲ ငါတကယ်မနာလိုဘူး အမယ်ငါ့လူနဲ့ ခွက်ချင်းတောင် တိုက်လိုက်သေးတယ်ပေါ့တစ်နေ့ အဲ့အကောင်ကိုငရဲထိ ကန်ထုတ်ပစ်အုံးမယ်

"Ai Peteမင်း Kinnကိုဘယ်လိုမြင်လဲ"

Porscheအမေးကို ငါဘာပြန်ဖြေရမလဲခနလေးစဉ်းစားလိုက်တယ်

"သူကကြောက်ဖို့ကောင်းတယ် ဒါပေမဲ့နူးလဲနူးညံ့တယ် လူတစ်ယောက်ကို အပြင်ပန်းပုံစံကိုပဲ ကြည့်ပြီးခန့်မှန်းလို့မရတာတော့မင်းသိမှာပါ သူMafiaဖြစ်တာမို့ခက်ထန်တဲ့ပုံစံဖြစ်နေပေမဲ့ အတွင်းစိတ်ကျဝါဂွမ်းလေးလို နူးညံ့ပြန်ရော ဒါနဲ့မင်းကဘာလို့ငါ့ကိုလာမေး"

Porscheက ငါ့အမေးကို ပြန်ပဲပြုံးပြတယ်

"ငါမသိတဲ့ကိစ္စတွေ ရှိနေတယ်မလား Porsche"

ငါ့မေးခွန်းကိုသူပြန်မဖြေဘဲ ငါ့ဝိုင်ခွက်ကိုထည့်ဖြည့်ပေးလာမို့ ငါလဲမော့ချလိုက်တယ် ပြီးတော့ ခေါင်းနောက်လာတာမို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပေမဲ့ အဆင်မပြေသေးတာမို့ လန်းဆန်းစေအောင်ရေထပ်ကူးဖို့ပဲ တွေးပြီး ခန္ဓာကိုယ်ကိုရေထပ်စိုစေတယ်

ရေကူးကန်ကပြန်တက်လာတော့ ငါအကြိုက်ဆုံးသီချင်းဖွင်တာမို့ မကဘဲမနေနိုင် ကိုရို့ကားယားပုံနဲ့ကလိုက်တာမို့ Porscheနဲ့ Armက ငါ့ကိုဝိုင်းရယ်ကြတယ် Khun Noနဲ့Polနဲ့ကတော့ သူတို့ခုံမှပုံပျက်ပန်းပျက်နဲ့ အိပ်ပျော်တော့မဲ့ အနေအထား Kenနဲ့Bigတောင် အတော်လေး ရင်းနှီးလာကြတာပဲ

Bound By Blood (Vegaspete)Where stories live. Discover now