Chapter-2 (Unicode)

717 64 7
                                    


Pete's pov (လွန်ခဲ့သော၂နှစ်ခန့်က)

Khun Vegasရဲ့ အင်္ကျီခြောက်သွားတာမို့ ချိတ်လေးနဲ့​ချိတ်ထားလိုက်တယ်
ငါအခုMr. Chanဆီသွားရမယ် သူ့စကားနားမထောင်ခဲ့တာမို့ အပြစ်ခံယူရမယ်လေ ငါTraining မဆင်းနိုင်ရတဲ့အကြောင်းက ငါးကန်သန့်ရှင်းရေးလုပ်နေရတာကြောင့်ပဲ ဒါပေမဲ့ငါ့ကိုတွေ့တော့ Khun Vegasနဲ့အတူ​တွေ့ရတာဆိုတော့ အခြေအနေတွေကပိုရှုပ်ကုန်ရော

မိသားစုကြီးလက်အောက်က လူတွေအကုန်လုံး မိသားစုငယ်နဲ့ရင်းနှီးခွင့်မရှိဘူး ဒါကဒီအိမ်မှာနေရင် လိုက်ကိုလိုက်နာရမဲ့ စည်းကမ်းတစ်ချက်ပဲ ဆိုတာငါသိတယ် ဒါပေမဲ့စည်းကမ်းမလိုက်နာရင် ဘာအပြစ်ပေးမလဲတော့ငါမသိဘူး

ငါMr. Chanရှိနေမဲ့ လေ့ကျင့်ရေးကွင်းဆီကို အမြန်ပြေးသွားလိုက်တယ် သူကငါ့ကိုမြင်တာနဲ့ ငါ့ရှေ့လာရပ်တယ်

"ငါမင်းကိုဘာပြောထားလဲ"
ငါ့ကိုမေးလာတာမို့ ငါခေါင်းပဲငုံ့လိုက်ပြီး ပေးမဲ့အပြစ်ကိုပဲနားထောင်နေလိုက်တယ်

"ခုချက်ချင်း ဒီကွင်းကိုအကြိမ်ငါးရာပတ်ပြေးစမ်း"
သူငါ့ကိုအော်ပြီးအမိန့်ပေးတယ်

ငါ့တစ်ကိုယ်လုံးတောင့်သွားတယ် ငါကြားလိုက်တာမှန်ရဲ့လား အကြိမ်ငါးရာကြီးများတောင်လေ

"ဘာလုပ်နေတာလဲ ပြေးလေ"
ထပ်အမိန့်ပေးလာတာကြောင့် ငါဖြည်းဖြည်းမှန်မှန်စပြေးလိုက်တယ်
ငါ့စိတ်ထဲကနေ ပြေးတဲ့အကြိမ်အရေအတွက်ကို ရေလိုက်တယ် ငါ့ရဲ့မျက်လုံးကိုလဲ ပြေးတဲ့ဆီမှာပဲအာရုံစူးစိုက်လိုက်တယ် တဖြည်းဖြည်းနဲ့ ခံစားလာရတဲ့ ပင်ပန်းမှုတွေက တိုးသထက်တိုးလာတယ်

ငါဒီကိုရောက်နေခဲ့တာ ၅နှစ်ရှိခဲ့ပြီ အပြစ်ပေးခံရတာတွေက ကျင့်သားရနေခဲ့ပါပြီ
အနာခံမှအသာစံရမှာပေါ့နော်

ငါ့နှလုံးခုန်နှုန်းတွေက လေးလံလာတယ် ခုဆိုငါအကြိမ်တစ်ရာတိတိပြေးပြီးပြီ ဒါပေမဲ့ရုတ်တရက် ခုနကအဖြစ်အပျက်တွေကိုသတိရသွားမိတယ်

ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့အောင် ငါထိတ်လန့်မိသွားတာ Khun Vegasအင်္ကျီကို ပြန်ပေးလို့ လက်မခံတော့ရင်ရော Khun Kanကလဲ သူ့သားအဝတ်ကို ညစ်ပတ်စေလို့ ငါ့ကိုစိတ်ဆိုးပြီး သတ်ရင်ရော သက်ပြင်းတွေပဲချမိတော့တယ်

Bound By Blood (Vegaspete)Tempat cerita menjadi hidup. Temukan sekarang