Chapter-7 (Unicode)

576 54 6
                                    


Pete's pov

ငါဒီနေ့တော့ မိသားစုကြီးကိုဆန့်ကျင်နေတဲ့ အိမ်ရှေ့မှာ maskတစ်ခုကို တပ်လိုက်ပြီး အဲ့ထဲကစျေးသည်တွေကို ငါရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ အဆက်မပြတ်စကားသွားပြောပေးနေရတယ်

ခန​ကြာတော့ ငါ့ရဲ့အဖော်တွေရဲ့ လှုပ်ရှားမှာကိုစမြင်ရပြီ Armက ကားထဲမှာပဲနေပြီး ဝင်ပေါက်ကို သေချာစစ်ဆေးနေရတယ်

အိမ်လို့သာပြောတာ သူတို့က supermarketပုံစံ ဟန်ပြဖွင့်ထားပြီး မကောင်းမှုတွေလုပ်နေတာ အဲ့ဒါကြောင့်ငါလဲ အဲ့မှာဝယ်ယောင်ယောင်နဲ့ ရောက်တတ်ရာရာမေးခွန်းတွေကို စျေးသည်တွေကိုပတ်မေးလိုက်တယ် ပြီးတော့စီးကရက်တစ်လိပ်ကို မီးညှိပြီး တစ်ချက်ဖွာလိုက်တယ်

ငါတို့ရဲ့ပထမအစီအစဥ်ကတော့ supermarketရဲ့အပေါ်ထပ်က Bossရဲ့ရုံးခန်းဝင်ပေါက်ကိုဖောက်ခွဲဝင်ပြီး အဲ့ကBossခေါင်းကိုဖြတ်ဖို့ပဲ ငါ့ရဲ့ဘယ်ဘက်နားမှာတပ်ထားတဲ့ နားကြပ်လေးကိုဖိလိုက်ပြီး

"အထဲဘယ်သူရောက်ပြီလဲ ဝင်ပေါက်မှာအစောင့်တစ်ယောက်ပဲရှိတယ် Aအဖွဲ့ကလူပါ"

"ဝင်ပေါက်ကCCTV Screenပုံစံက ယိုယွင်းနေတယ် တစ်ယောက်ယောက်က systemကိုhackလိုက်ပြီထင်တယ်"

ငါနဲ့ဆန့်ကျင်ဘက်ကလူရှင်းတဲ့စင်္ကြန်လမ်းမှာရှိတဲ့ Vegasကပြန်ဖြေလာတယ်

"ဟမ် ငါကငါ့လူကိုအထဲလွှတ်လိုက်ပြီလေ"

ခုနကငါအချက်လှမ်းပြလိုက်တဲ့သူကိုရှာတော့ သူကမရှိတော့တာမို့

"ဝင်ပေါက်၂ပေါက်ကျန်သေးတယ်လေ"

"Systemကhackခံနေရတယ်ဆို အထဲမရောက်ခင်virusကပြန့်သွားခဲ့ရင်.."

"ကျွန်တော်အထဲရောက်ပါပြီ အန္တရာယ်လဲကင်းပါတယ် အထဲမှာလဲရှင်းပါတယ်" ငါတို့ဖက်ကလူရဲ့အသံကြားမှ နားကြပ်ကတစ်ဆင့် Vegasကိုဆူနေတဲ့ ငါရပ်သွားတယ်

"စီစဥ်ထားတဲ့အတိုင်းဆက်လုပ်" ဒါကVegasကအမိန့်ပေးလိုက်တာ

ငါစီးကရက်ကိုဆက်သောက်ပြီး တစ်ဖက်ကိုလှည့်လိုက်တော့

"Ahh Fuck!"

ငါ့ကိုတစ်ယောက်ကဝင်တိုက်တယ် ပြီးတော့ငါ့ကိုပြုံးပြပြီးထွက်သွားတယ်

Bound By Blood (Vegaspete)Where stories live. Discover now