အပိုင်း (၃)
ထယ်ယောင်းအခုတွင်မူ အတော်ဒေါသထွက်ရသည်။
လက်ထပ်ထားသည့်နှစ်ပေါင်းမနည်းတော့ပေမယ့် ဟိုဆော့ဆီမှကိုယ့်အား နာကျင်အောင်တခါမျှမလုပ်ဖူးပေ! အကုန်ကိုပြောရရင်လက်နှင့်တောင်ကိုယ့်အားမရွယ်ဖူးသည့်ဟိုဆော့ဟာ ခုတော့ ပါးရိုက်သည်တဲ့လား?
အရိုက်ခံလိုက်ရသည့်ပါးပြင်ပူပူထက်စီးကျလာတဲ့မျက်ရည်စီးကြောင်းတွေကို ထယ်ယောင်းတချက်သုတ်လိုက်ပြီး...." မောင်မှားသွားတယ်.."
" မဟုတ်...မဟုတ်ဘူးး ငယ်မှားတာ"
" ငယ်မမှားဘူးး မောင်ကသာအရမ်းတွေအတွေးလွန်သွားမိတာရယ်..ငယ့်ကိုအထင်သေးသလိုဖြစ်သွားတယ် တောင်းပန်တယ်နော်.."
" ဟင့့့့် ငယ်မှားတာပါဆို ..!"
ဟိုဆော့ကိုယ့်လက်အား တယုတယသူ့လက်ဝါးပြင်ကျယ်ကျယ်နဲ့ထွေးကိုင်ကာ ငိုသံပါပါဖြင့်ဆိုနေသည့် ချစ်ရသူမောင်ကြောင့် ငိုချမိသည်။ တကယ်ဆိုပါးရိုက်လိုက်မိတဲ့ ကိုယ်ကပဲမှားတာမလား?? လက်မပါသင့်ပဲပါမိတာလေ ကိုယ်ကပဲမှားတာ! ဒါကို အပြစ်မမြင်တဲ့မောင်က ဟင့့့်မောင်ကအရမ်းချစ်ဖို့ကောင်းတာပဲ....။
ဟိုဆော့ထယ်ယောင်း၏ရင်ပြင်ကျယ်ထဲတိုးဝင်ကာအကျယ်ကြီးအော်ငိုနေသည်။
ထိုအဖြစ်အပျက်အစုံကို ခြံရှေ့ကကားအမဲရောင်လေးထဲမှကောင်လေးသည် အသေအချာကြည့်နေပြီး တကိုယ်ထဲဒေါသထွက်နေလေသည်...။**********
" ပြန်လာသေးတယ်နော်..!"
အိမ်ထဲကိုလဒမှိုင်ဖြင့် ခေါင်းကိုငုံ့ပြီးလျှောက်ဝင်လာတဲ့ဂျောင်ကုအား ဂျီမင်လှမ်းမေးလိုက်သည်..။
" အင်း.."
" အဲ့မျက်နှာက ဘာဖြစ်နေတာလဲ.."
" ဟင့်အင်း"
" မင်းအဆင်ကောပြေရဲ့လား?"
" အင်း.."
" ရာ့့့့့့!!!"
ဂျီမင်ကိုယ့်၏မေးခွန်းတိုင်းကို *အင်း၊ဟင့်အင်း*ပဲ ဖြေနေတဲ့ဂျောင်ကုကြောင့် နဂိုကတည်းကတိုနေတဲ့စိတ်အခြေအနေဟာပို၍တိုးလာခဲ့သည်။
တကယ်ကို ဂျောင်ကုဆိုတဲ့ကောင်က ကိုယ့်ကိုအလေးကိုမထားတာ!