အပိုင်း(၁)
တစ်ဦးပိုင်နာမ်....
တစ်ဦးပိုင်နာမ်ဆိုတာဘယ်လိုမျိုးလဲ?
ပစ္စည်းတစ်ခုကို တစ်ယောက်သောသူပဲပိုင်ရှင်အဖြစ်ရှိနေလို့ရတာလား?,
ဟင်..ဒါမယ့်သူကပစ္စည်းမဟုတ်ပြန်ဘူး..ဒါဆိုသူကတစ်ဦးပိုင်နာမ်မဟုတ်တော့ဘူးပေါ့..
ကျတော်သူ့ကို ပိုင်လို့ရပြီလို့ဆိုလိုတာပေါ့?ကျတော့်နမည်က Jeon Jungkook
အသက်က (၂၄) နည်းနည်းတော့စဉ်းစားညဏ်ရှိတဲ့အရွယ်အပိုင်းအခြားပေါ့..ဒါမယ့် စဉ်းစားတိုင်းထွက်လာတဲ့အဖြေတွေက ဘုကလန့်ဖြစ်နေတာတော့ ကျပ်မပြည့်လို့များလား?, တပြားပဲလိုနေသလား?, ဟ"
ကျတော်ကဆိုးလ်က ကလေကချေ/သူဌေးသားတစ်ယောက်! အိမ်ကိုပိုင်တယ်..အရာအားလုံးက ကိုယ့်စိတ်ကြိုက်ပဲ ဘာမဆိုလွယ်လွယ်ရတယ်..ဒါမယ့်သူကတော့ နည်းနည်းခက်နေတယ်...ကြိုးစားရမှာပေါ့လေ ကြိုးစားရင်ရမှာမဟုတ်လားး? ကျောင်းတက်စဉ်ကတော့ဆရာသမားတွေက အဲ့လိုပြောကြတာပဲ ကြိုးစားရင်ဘာဆိုရတယ်ဆိုပဲ...ကဲကြိုးစားကြတာပေါ့၊။" ဟိတ် !.."
"........"
" ကိုယ်ပြောထားတာ ဘယ်လိုလဲ လက်ခံမယ်မလား??"
" ငါ့မှာကာမပိုင်ယောက်ကျားရှိတယ်လို့.."
" အဲ့ဟာ ဘာလုပ်ရမှာလဲ!?"
" ငါနဲ့မင်းကမဖြစ်နိုင်ဘူးးလေ.."
ပလက်ဖောင်းပေါ်မှာ ထမင်းချိုင့်တလုံးနှင့် အလုပ်မှီရန်အပြေးသွားနေသူကို ဂျောင်ကုချစ်ခွင့်ပန်ခြင်း//ပြောရရင် အနောက်ကနေလိုက်၍ ပိုင်ရှင်ရှိသူကိုနှောက်ယှက်နေခြင်း!
" ကိုယ့်မှာ ကားရော/ အိမ်ရော/ ငွေတွေကောအများကြီးရှိတယ်ကွာ လက်ခံမယ်မလား??"
" ကျစ်! ငါငွေမမက်ဘူး!"
" ငွေဆိုတာ ဒုတိယဘုရားသခင်နော်..မင်းကိုယ့်ကိုပြန်ချစ်လို့နောင်တမရပါဘူး.."
" ဆုတောင်းလိုက်! ငါမင်းကိုပြန်မချစ်ဘူးး!"
ရုံးတက်ဝတ်စုံချိုင့်နှင့်ကောင်လေးသည် သူ၏အလုပ်ရုံထဲသို့ ဂျောင်ကုကိုစကားဖြတ်၍ ဝင်သွားလေသည်..ကောင်လေးမှာ ရိုးရိုးအအသဏ္ဍာန်မည်ပေမယ့် ခပ်စွာစွာရယ်..ထိုသည်ကိုပဲ ဂျောင်ကုတို့စွဲလမ်းနေတာ ဆေးမမှီတော့ပါ။