တစ်ဦးပိုင်နာမ်(၇)

812 110 26
                                    

အပိုင်း(၇)

" မြူစွယ်တယ်!!?"

"......."

ဟိုဆော့ ရှေ့ကကောင်လေးစကားကြောင့် သူ့လက်သီးကိုတင်းတင်းစုပ်မိသည်။

ကိုယ်ကို့မြူစွယ်တယ်လို့ ပြောရလောက်အောင် ဟိုဆော့မှာဘာအမှားမှလုပ်ထားတာမရှိ!။
ဒီလောက်‌သူ့ရှေ့မှာ ဂျောင်ကုကိုခါးခါးသီးသီးဆက်ဆံခဲ့တာတွေကို မေ့သွားလေသလား?။
ခုအဖြစ်အပျက်ကိုကြည့်ပြီး ပြောတယ်ဆိုလည်း သူ့လင်ကကိုယ့်အိမ်ကိုရောက်လာပြီး ရူးရူးမူးမူးကိုယ်မှကိုယ်ဖြစ်နေတာလေ!။
ကိုယ်က ရိုက်ထုတ်ရမှာလား? တကယ်လေ အကြီးကိုဒီလိုပြောမှဖြစ်မှာလား!? ဘာဆိုဘာမှစကားကို ‌ရှေ့နောက်ကြည့်မပြောတက်ဘူးး!။

" ဒီမှာကောင်လေး.. အကိုဂျောင်ကု့ကို မြူလည်းမမြူစွယ်ဖူးဘူးး ဂျောင်ကု့အကို့ကို စိတ်ဝင်စားလေအောင်ဆိုပြီး ဂျောင်‌ကုရှေ့မှာ မူယာမာယာလည်းမများပြခဲ့ဖူးဘူးး.."

" အဲ့ဟာတော့ အကို့စကားလေ ကျတော်ကဘာသိမှာမို့လဲ.."

"  မင်းမယုံလည်း အကိုမတတ်နိုင်ဘူးး အကို့မှာဂျောင်ကုနဲ့ ပတ်သတ်လို့ပြောစရာတစ်ခုပဲရှိတယ်.., အဲ့ဟာ အကိုသူ့ကိုစိတ်မဝင်စားဘူးး "

" ကျတော် အကို့ဆီက ကတိတစ်ခုယူချင်တယ် ... အကို့ကိုမယုံတာမျိုးမဟုတ်ပေမယ့်.., ‌ဒီအတိုင်း ဂျောင်ကုကိုစိတ်ချချင်လို့ပါ.. သိတယ်မဟုတ်လား? ဘယ်လောက်သန်မာပါတယ်ဆိုတဲ့ ကျောက်ရုပ်တွေတောင်.. တွန်းတိုက်ပါများရင် ‌လှုပ်တက်တယ်ဆိုတာလေ.."

‌ဟိုဆော့ ကောင်လေးရဲ့စကား‌ဆိုလိုရင်းကိုလုံးဝနားလည်သည်။ ‌ကလေးကလားအရမ်းဆန်လွန်းတဲ့ ကောင်လေးကိုဟိုဆော့ မျက်လုံးလှန်ကြည့်လိုက်ပြီး အပေါ်ယံလုပ်ပြုံးကိုပြုံးပြလိုက်သည်။
အဲ့အပြုအမူရဲ့အဓိပ္ပာယ်က .. မင်းငယ်သေးတယ်ဆိုပြီး ပြောလိုက်တာပဲ! 
ဟိုဆော့ မတ်တပ်ထလိုက်ပြီး ‌ဆိုဖာပေါ်အိပ်နေဆဲ ဂျောင်ကုအနားသွားကာ ဂျောင်ကုရဲ့ ဆံပင်လေးကိုသပ်ပေးရင်း ကောင်လေးကိုကြည့်လိုက်သည်။
ပြီး ....

" အကိုက ကျောက်ရုပ်မဟုတ်ဘူးကောင်လေး တကယ်လို့အကိုကကျောက်ရုပ်ဆိုရင်တောင် အခြေခိုင်တယ်။ မဖြစ်သလောက်တွန်းတိုက်တာလေးနဲ့ လှုပ်လည်းမလှုပ်သလို ယိုင်လဲမယိုင်သွားဘူးး"

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now