အပိုင်း (၉)
ဂျောင်ကု ကားမောင်းရင်းဟိုဆော့ဆေးထည့်ပေးတဲ့ပါးလေးကို ပွတ်သပ်ရင်းပြုံးမိသည်။ ပြီး ဟိုဆော့ပါးကိုနမ်းခဲ့တဲ့သူ့နှုတ်ခမ်းတွေကို လျှာဖြင့်အမြဲသလျက်နေသည်။
ဂျောင်ကု ဟိုဆော့နဲ့တွေ့လိုက်တော့ ဂျီမင်နှင့်ဖြစ်ခဲ့တဲ့ကိစ္စကိုမေ့ချင်ချင်ရယ်။ အပျော်တွေအရမ်းများနေသည်မို့ ဂျောင်ကု သူနဲ့ဂျီမင်ကိစ္စကို မရှိဖူးသလိုမျိုးထင်နေသည်။
ဂျောင်ကုအိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းမှာထိုက်စောင့်နေတဲ့ ဂျီမင်ကိုမြင်သည်။
ဂျောင်ကု ဂျီမင်ကိုသေချာကြည့်မိတော့ ပါးထက်ကလက်ဝါးရာကိုမြင်မှ သူနဲ့ဂျီမင်ကိစ္စကိုသတိရသည်။ဂျီမင်က သူ့ကိုကြည့်နေတဲ့ဂျောင်ကုအနားကိုသွား၍ ဂျောင်ကုအင်္ကျီကိုချွတ်ပေးရန်ကြံသည်။
" ငါ့အသားလာမထိနဲ့! ငါ့နဲ့လည်းတစ်ခန်းထဲလာအိပ်ဖို့မစဉ်းစားနဲ့တော့!!"
" ဘာ! မင်းရူးနေလား! ငါကမင်းယောက်ကျားလေ မင်းအသားမထိပဲငါကနေရမှာလား..?! ပြီးတော့ မင်းယောက်ကျားကမင်းနဲ့တစ်ခန်းထဲမအိပ်လို့ ဘယ်မှာသွားအိပ်ရမလဲ!!"
" ဒီမှာဂျီမင်..ငါနဲ့ခပ်ဝေးဝေးနေပါ။ ငါမင်းနဲ့ဘယ်လိုပတ်သတ်မှုမျိုးမှထပ်မရှိချင်ဘူးး အခုဒီကလေးမွေးပြီးသွားရင် ကွာကြမယ်"
" မဖြစ်နိုင်ဘူး!"
ဂျောင်ကုသူ့ကို မျက်ရည်အဝိုင်းသားနဲ့ကြည့်ကာ အော်ထွက်သွားသည့်ဂျီမင်ကိုကြည့်ရင်း ခေါင်းခါမိသည်။
သူ့ဘက်က အားလုံးကိုရှင်းထားစေချင်ရုံပါ။*****
" မောင်~~ ငယ်ရှင်းပြပါရစေ.."
"......."
" မောင်လို့~"
" ငါအလုပ်လုပ်နေတယ် အိပ်မှာသာအိပ်!."
" ငယ်သူနဲ့ဘာမှမပတ်သတ်ဘူးဆို!.. ရှင်းပြမယ်ဆိုလည်းနားမထောင်ပဲမောင်ဘာဖြစ်ချင်နေတာလဲ!! "
ကွန်ပြူတာသာနှိပ်နေသည့် ထယ်ယောင်းကိုဟိုဆော့ အော်လိုက်သည်။
ဟိုဆော့ တချိန်လုံးရှင်းပြပါမယ်ဆိုတာလည်းနားမထောင်ပဲဒေါသတွေသာဇွတ်ကြီးနေတဲ့ ထယ်ယောင်းကို မနက်တောင်လင်းပေါက်ရောက်တော့မယ်ခုထိရှင်းပြလို့မရသေး။