တစ်ဦးပိုင်နာမ်(၂၀)

739 88 21
                                    

အပိုင်း(၂၀)

အမြစ်ကြီးကြီးမြေပြင်ကိုတွယ်တက်နေတဲ့အခါ မြေပြင်ကနေဖယ်ခွာကြည့်ဖို့ကြံမိရင်တောင် အသည်းခိုက်မတက်နာကျင်နိုင်မှန်း လူတိုင်းသိ၏။
အထူးသဖြင့် နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သောအပင်တွေ။

အဆင်ပြေသွားမှာပါ...မကြာခင်အားလုံးနေရာတကျပြန်ဖြစ်သွားလိမ့်မယ်...စိတ်ဆိုးမှာမဟုတ်ပါဘူး..တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြသူတွေပဲမလား ဘာမှမဖြစ်ပါဘူး သူခွင့်လွှတ်ပေးနိုင်မှာပါ..အခုဒီလိုအားပေးစကားမျိုးတွေကြားချင်မိတယ်။

လက်တစ်ဖက်ကိုတစ်ဖက်အားပေးရာအဖြစ်အချင်းချင်းဆုပ်နှယ်နေရတာထက် ကျောပြင်ကိုပုတ်ပေးမယ့် အားပေးစကားတွေရေပက်မဝင်ပြောပေးမယ့်လူတစ်ယောက်လောက်နံဘေးရှိနေချင်သည်။

အရမ်းကြောက်မိလို့...
ဆုံးရှုံးမှုဆိုတာတွေကို ကြောက်မိလို့လုပ်မိလုပ်ရာလုပ်ခဲ့တာပါလို့ ပြောပြီးမျက်နှာပြောင်တိုက်စွာခွင့်လွှတ်စေလိုက်ရင်..မောင်သိပ်မြတ်နိုးရတဲ့မျက်နှာငယ်လေးက ‌မောင်မရှိတဲ့ဘက်ကိုရှောင်ဖယ်သွာလေမလား.?။

သွေဖယ်ရှောင်ဖယ်မျက်နှာငယ်ကို စိတ်မှန်းတွေးတောရင်းတောင် နှလုံးသားမှနာကျင်မှုကတချက်တချက်အောင့်တက်လာသေးသည်။
အမုန်းတွေများ မောင့်အပေါ်ငြိုးလေမလားဆိုပြီး.. ပူပန်ကြည့်လိုက်မိတာအကြိမ်ကြိမ်။

" မောင့်~ ကိုခွင့်.လွှတ်ပေးပါငယ်~"

ယောက်ကျားသားပေမယ့် ငယ်နဲ့ပတ်သတ်ရင်အထိမခံမျက်ရည်တွေက အရှက်မဲ့စွာပြိုကျဆဲ..။
စကားတစ်ခွန်းဖြောင့်အောင်မပြောနိုင်သည်အထိ တုန်ရီနေသောနှုတ်ခမ်းတွေကိုတင်းတင်းထားပြောကြည့်မိမှ ‌ဝမ်းနည်းစိတ်ကအနိုင်ပိုင်း၍ဖြောင့်တန်းအောင်ပင်မပြောနိုင်ခဲ့။
အကုန်တုန်တုန်ရီရီနဲ့သာ။

" ခုကစနောက်နောင်ပတ်သတ်ကြတော့မယ့် လူတွေမဟုတ်ဘူး...ရတဲ့အချိန်မှာလိုတာကိုပဲပြော.."

အရောင်အဆင်းမဲ့ကုတင်ထက်က တင်းမာလွန်းသည့်မျက်နှာထား..ထင်ထားခဲ့သလိုကိုယ်ရှိရာနဲ့ဆန့်ကျင်ဘက်ကိုလှည့်ထားတဲ့မျက်နှာငယ်...ကိုယ်ခံအားမရှိတာမို့ အသံလေးတိုးဖျော့ဖျော့နှင့်ချစ်ရသူဟာ အမှန်စိတ်နာသွားပြီလား။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now