တစ်ဦးပိုင်နာမ်(၁၃)

701 95 20
                                    

အပိုင်း (၁၃)

‌‌ဘယ်လိုပြောရမလဲ..?
ကိုယ့်စိတ်ကိုတောင် သေချာမသိတဲ့ကိုယ့်ကိုကိုယ် ဘယ်လိုပြောရမယ်မှန်းမသိတော့ဘူးး။
ရွေးချယ်မှုတွေကြား ရောက်မှန်းမသိရောက်သွားတဲ့အခါ ပြန်လှည့်ဖို့အတွက်အခွင့်အရေးကလည်းမရှိတော့ဘူးး ကိုယ်ဟာမြစ်လယ်ကို ရောက်နေပြီးဖြစ်တယ်..။ကိုယ်ပျော်ဖို့ဆိုရွေးချယ်ခြင်းဆိုတာကို ကံစီမံရာဆိုပြီးလစ်လျူရှုထားတာပဲ ကောင်းမယ်ထင်တယ်။။။

" ငယ်... ဒီမှာနေရတာမပျော်ဘူးလား?."

" ပျော်ပါတယ်..‌ဒါမယ့် မောင်အလုပ်သွားရင်ငယ်ပဲအိမ်မှာကျန်ခဲ့မှာလေ မောင်မရှိရင်ပျင်းနေတော့မှာ... စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်။ .."

ညနေစောင်းပိုင်းမှာ နေမင်းကြီးကတိမ်ညိုတွေနောက်ပုန်းခိုသွားသည်ကို အိမ်ရဲ့ပြတင်း‌ပေါက်မှန်တွေကနေကြည့်နေသူလေးရဲ့ ပုခုံးကိုဖိကိုင်းကာနှိပ်နှယ်ရင်းမေးလေတော့ ထွက်လာတဲ့ငြီးငြီးငြူငြူအသံလေးဟာ ထယ်ယောင်းရင်ကိုဖိုသည်ဖက်သည်ပင် ဖြစ်သွားရသည်။

" မောင်ကလည်း ငယ့်ကိုအလုပ်ထဲခေါ်သွားလို့မရပြန်ဘူး အလုပ်ကခုမှစအခြေတည်တုန်းဆိုတော့လေ..ကျစ်! ဘယ်လိုလုပ်ရမလဲ?"

" အပိုတွေပါ.! မောင်သာခေါ်ချင်ရင်ခေါ်လို့ရတယ်.!"

" ဟော ! ငယ်ရယ်"

စိတ်‌လက်တဆစ်နဲ့ လူသားဟာသူ့ပုခုံး‌ထက်ကလက်တွေကိုဖယ်ချရင်း ခြေကိုဆောင့်ဆောင့်နင်း၍ အိပ်ခန်းထဲကို‌ဝင်သွားခါကျ ထယ်ယောင်းတစ်ယောက်ခေါင်းသာကုတ်ကာ ရပ်နေခဲ့ရသည်။
ထယ်ယောင်းအနေနဲ့တကယ်ပြောနေတာ..သူ့အလုပ်ကခုမှစမှာလေ ဒါကိုလူပိုခေါ်သွားလိုက်ရင်ဝန်ထမ်းတွေက လေးစားကြမှာမဟုတ်ဘူးရယ်..ပြီးတော့ အလုပ်တွေကလည်းများနေမှာ ခေါ်သွားလို့မဖြစ်လို့သာ..။
ဒါလေးက်ု စိတ်ဆိုးသွားတဲ့ငယ့်ကိုတော့ ထယ်ယောင်းဘယ်လိုချော့ရမယ်မှန်းမသိတော့ပါ။

*********

" ကျေးဇူးတင်ပါတယ် doctor .."

" အင်းရပါတယ် သူ့ကိုသာဂရုစိုက်ပေးလိုက်ပါ..."

" ဟုတ် doctor "

အဖြူရောင်Doctorကုတ်နဲ့ Doctorကို ဂျောင်ကုတလေးတစားပြော၍ ဆက်ဆံနေသည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now