တစ်ဦးပိုင်နာမ်(၁၆)

670 104 15
                                    

အပိုင်း (၁၆)

"ငယ်~"      "ဂျောင်ကု.."

" ဖယ်!..
:
:မောင် ငယ်ရှင်းပြပါရစေ"

ဟိုဆော့ အံ့ဩမင်သက်နေတဲ့ဂျောင်ကုကို ဘေးကိုတွန်းလွှတ်ပြီး မတ်တပ်ရပ်နေသူထယ်ယောင်းအနားကို ပြေးကာဖြေရှင်းချက်တွေ နားထောင်ပေးဖို့တောင်းဆိုသည်။
ထယ်ယောင်းကတော့ ပါးပေါ်ကျလာတဲ့မျက်ရည်တစ်စက်ကို သုတ်ရင်းနဲ့ပဲဟိုဆော့ကို လစ်လျူရှုကာထိုအိမ်ထဲမှထွက်သွားသည်။
ရင်ဝကိုမီးနဲ့မြိုက်လိုက်သလို အိမ်ထဲတန်းဝင်ဝင်ချင်းမှာပဲ တွေ့လိုက်ရသည့်အရာက အသက်ရှုကျပ်စေလောက်သည်အထိ နာကျင်လွန်း၏။
မျက်ရည်ကျဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်နာကျင်မှုတွေက မျက်စိရှေ့တင်ဖြစ်ပျက်ခဲ့တာမို့ ထယ်ယောင်း အခုလိုထွက်သွားသည်ကဖြစ်သင့်သည်။

ဟိုဆော့သည် ထယ်ယောင်းအိမ်အပြင်ကိုထွက်သွားတော့ ထိုင်ခုံနားကဂျောင်ကုဆီကိုပြေးသွားသည်။
ပြီးဂျောင်ကုအနားကိုရောက်တော့ ရပ်၍ လက်တစ်ဖက်ကိုမြှောက်ကာ အားပြင်းပြင်းလွှဲချက်နှင့် ဂျောင်ကုပါးပြင်ကိုချိန်တည်ကာ ရိုက်လိုက်၏။

#ဖြန်း!    

" ခုလိုတွေဖြစ်ရတာမင်းကြောင့်! မောင်သာငါ့ကိုခွင့်မလွှတ်ရင် မင်းကိုငါကိုယ်တိုင်သတ်မှာ..ဂျောင်ကု!"

ဟိုဆော့က ပါးရိုက်ရတာတင်အားမရ၍ ဂျောင်ကုရင်ဘတ်တွေကိုပါလက်သီးနဲ့ထိုးရင်း ပါးစပ်ကလည်း ဒေါသထွက်ကြောင်းသက်သေပြစွာ ဂျောင်ကုအားသတ်မည်ဟူ၍ပါထည့်ပြောတော့ ဂျီမင်က ဟိုဆော့ကိုသူ့ဘက်ဆွဲလှည့်ကာ....

" ဒီမှာ.! ခင်ဗျားကျတော့်ယောက်ကျားကိုဒီလောက်ထိရိုက်စရာ ပြောစရာမလိုဘူး.!"

"  ဂျီမင်!မင်းအသာနေစမ်း ငါ့လူကိုမင်းမှာပြောပိုင်ခွင့်မရှိဘူး! ချစ်လေးကငါ့ကိုသတ်မယ်ဆိုရင်တောင် မင်းနဲ့မဆိုင်ဘူးး..! ကိုယ့်အကန့်နဲ့ကိုယ်နေ ဂျီမင်"

ဂျောင်ကုစကားကြောင့် ဂျီမင်ကိုင်ထားတဲ့ ဟိုဆော့အင်္ကျီစက ကြေမွလို့လာသည်။

ခနအကြာဂျီမင်ကြေနေတဲ့အင်္ကျီကိုလွှတ်လိုက်ပြီး သူ့လက်ကိုခါလိုက်သည်။ သူထင်နေခဲ့တာ မှားသွားတာပေါ့.. သူ့လုပ်ရပ်ကမှားသွားတာပေါ့...
ကိုယ့်လိုသူလည်း နာကျင်နေမယ်ထင်ပြီး တားလိုက်မိတာ တကယ်မှားသွားတာပဲ။
ငါသိပြီ..မင်းကိုတကယ်နာကျင်နိုင်တာ သူပဲရှိတယ်ဆိုတာငါသိပြီ ဂျောင်ကု..။
အချစ်ကအတ္တဆန်တယ် ။
အချစ်ရဲ့အရောင်တွေက ရင့်လွန်းတယ် ။
အချစ်ဆိုတာ အပြန်အလှန်သဘောတရားပဲ။
လိုချင်တာမရရင် ဖျက်စီးပစ်တက်အောင်လုပ်တာ အချစ်ဆိုတာပဲ။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now