(၂၇)

879 83 21
                                    

အချိန်က ည(၁)နာရီ.. မနက်လို့တောင်ဆိုလို့ရနေပြီ။
Jungkook ..Taehyungကို ကျေးဇူးတင်ကြောင်း ၊ တောင်းပန်ကြောင်းတွေပြောပြီး ကတိပေးထားသလို Jiminရှိတဲ့နေရာလေးဆီ ထွက်လာခဲ့သည်။ သူ့ကိုယ့်သူလည်း jiminအပေါ်ရက်စက်နေမြန်းသိနေပါလျက်နဲ့ ဆက်ပြီးရက်စက်နေမိခဲ့တယ်။ ‌အကိုများဟိုလူ့ကိုစွန့်လွှတ်ပြီး ကိုယ်နဲ့သက်ဆုံးတိုင်နေမလားဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးရဲ့ထိန်းချုပ်မှုအောက် အမှား/အမှန် ဘာကိုမှမမြင်နိုင်ခဲ့ဘူး။ သူသိခဲ့တာက..အကိုသာပြန်ချစ်ရင်ဆိုတဲ့ခေါင်းစဉ်အောက်က အိမ်မက်တချို့ကိုပဲ။

မြက်ခင်းစိုစိုနဲ့ခြံဝန်းလေးရှေ့ Jungkook ကားလေးကိုအသာရပ်လိုက်သည်။
ကားပေါ်ကဆင်းကာ ခြံလေးအတွင်းမျက်စိကစားမိတော့ မြင်ရသည်က*ဒါက နင့်အမှား* ဆိုပြီး ဖော်ပြနေသလို...။
ညလေလေးတွေရဲ့ တိုက်ခတ်မှုကြား ပါးချပ်ချပ်အင်္ကျီလက်ရှည်နှင့်တစ်လုံးတည်းသောထိုင်ခုံ၌ထိုင်လျက် ကော်ဖီကိုအမှီပြု၍ကောင်းကင်ကြီးကိုမော့ကာကြည့်၍ဆွေးတေးတေးဖြစ်နေသူဟာ ကိုယ့်ကြောင့်သိပ်ခံစားနေရပါသလား?။

Jungkookမေ့ခဲ့သည်...။ သူကိုယ်၌က ခံစားနေရပါသောတဖက်သတ်အချစ်ရဲ့ နာကျင်မှုက သိပ်ခံစားရသည်ကိုသူမေ့ခဲ့သည်။ Jungkook ခဲဆွဲသကဲ့လေးလံနေသောခြေအစုံနဲ့ ကြယ်အပြည့်ကောင်းကင်ကြီးကိုငေးနေသူလေးအနားသွားလိုက်သည်။
ခြေလှမ်းတစ်လှမ်းချင်းသည် jungkookအဖို့ အတော်ခက်ခဲလွန်းသည်။
အားတင်းကာ ‌လျှောက်လမ်းရင်း သူလေးအနားကို တဖြည်းဖြည်းရောက်တော့ ဖျတ်ကနဲမြင်ရသည့် ဗိုက်ပူပူလေးကသိသိသာသာရှေ့ကိုထွက်နေသည်။ ဒါကသူ့သွေးသားဆိုသော အသိလည်းဝင်လာမိသေး။

တလှပ်လှပ်ဖြစ်လာတဲ့ရင်ဘတ်ကြီးက တစ်စုံတစ်ခုကိုကြောင်လန့်နေသလို...။
Jungkook ညလေအေးတွေကြောင့်ခြောက်သွေ့လွန်းနေသည့်လည်ချောင်းကို တံထွေးမြိုချ၍ ပြန်လည်စိုစေလိုက်ပြီး Jiminကို ခေါ်လိုက်သည်။

" Jimin~ "

Jungkook အသံကအရမ်းကိုတိုးသည်..သို့ပေမယ့် တိတ်ဆိတ်လွန်းသောညကြောင့်ထင်သည်..ကောင်းကင်ကိုကြည့်နေသော ခပ်ဆွေးဆွေးအကြည့်တွေက အနောက်ကjungkookဆီရောက်လာသည်။ ဆွေးနေတဲ့အကြည့်တွေက ဆွေးစေသူကြောင့် မျက်ရည်ကြည်တွေလျှံထွက်လာသည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now