တစ်ဦးပိုင်နာမ်(၁၄)

701 95 19
                                    

အပိုင်း (၁၄)

အနီရောင်လို့ဆိုမရတဲ့ မှိုင်းညို့ညို့ဘက်ကိုရောက်နေတဲ့ဆွေးတေးတေးပုဝါလေးကို သူ့ရှေ့ထိုးပေးနေသူကို ထယ်ယောင်းပြုံး၍ကြည့်လိုက်သည်။
သူမက မှတ်ထားတုန်းလား?။

" ရော့့့ ငါအခုထိသိမ်းထားတုန်းပဲ.."

" မိရှင်း.. နင်ကအရူးသိလား.? ငါကဒါကိုဘာလုပ်ရမှာလဲဟ ခုငါကအိမ်ထောင်ဦးစီးတောင်ဖြစ်နေပြီ အရင်ကပြောခဲ့တာကခုဘောင်မဝင်တော့ဘူးလေဟာ.."

" ငါသိပါတယ်~~ ငါကနင့်ကို နင့်ပစ္စည်းပြန်ပေးရုံ‌ပဲလေ ငါနင့်ကိုမမျှော်မှန်းတော့ပါဘူးး "

" အွန်းပါ ဒါဆိုလည်းယူလိုက်မယ် ဒါနဲ့အတော်တောင်ဟောင်းနေပြီနော် နင်ဘာလို့ဆက်သိမ်းထားတာလဲ? ငါတို့မင်္ဂလာဆောင်တုန်းကနင်မလာဖြစ်တာသိပေမယ့် ‌ချွန်ဝူးကပြောပြတယ်မလား.?"

ပုဝါလေးကို သေချာဖြန့်ကြည့်ရင်း ထယ်ယောင်းက ရယ်ကျဲကျဲပြောတော့ ရှင်းနာကသူ့လည်ပင်းကိုပွတ်ပြီး ရှက်ဟန်ပြသည်။
နောက်မှ သူမရဲ့သွားကိုဖြဲပြရင်း...

" ပြော..ပြောပါတယ် ငါနင့်ကိုဒီလိုတွေ့ရင်ပြန်ပေးဖို့သိမ်းထားတာ "

" ဟဟ အေးပါအေးပါ..
ငါလေနင့်ကိုမပြောချင်တော့ဘူး အပြင်မှာဒီလောက်အေးတာကို ဒီလိုလက်တိုလေးနဲ့‌နေတာပြီးတော့ ကိုယ့်အလုပ်ကတောင်ပေါ်မှာ ဟူးးရော့့ ဒီဟာပြန်ပတ်ပြီးနေ."

"မလိုပါဘူးး ရတယ်.."

" အင့့်ပါ"

" တော်ပါပြီဆို.!."

ထာ်ယောင်း သူ့အားဆူပုတ်ပုတ်မျက်နှာထားနှင့် ငြင်းဆန်နေသူအနားအားတိုးကပ်လိုက်ပြီး သူမပေးထားတဲ့ပုဝါလေးကို သူမအပေါ်လွှမ်းခြုံပေးလိုက်သည်။
နောက် သူမခေါင်းကိုပုတ်လိုက်ပြီး..

" အလုပ်ချိန်မှာငါ့ကိုဒီတောင်စွန်းကိုခေါ်ပြီး ပုဝါလာပေးတာ လစာလျော့ပစ်အုန်းမယ်.."

" ဟွန်းးး သူ့ပါဝါတွေပြလာပြီ မပြောချင်ဘူး လျော့ချင်လည်းပေါ့ ရှင်းနာတို့ကဂရုမစိုက်ဘူးး"

" အေးပါ အရူးမရယ် ခုအလုပ်သွားလုပ်ရအောင်..သွားမယ်လာ.."

ထယ်ယောင်းက ‌ရှင်းနာအရင်အလုပ်ဆီကိုပြန်သွားလိုက်သည်။
ထယ်ယောင်းတို့အလုပ်က ဆောက်လုပ်ရေးတစ်ခုပင်။
ထယ်ယောင်းက ဒီမှာကြည့်ကြပ်ရေးမှူးအဖြစ်တာဝန်ယူရသည်။
ဆောက်လုပ်ဆဲဖြစ်တဲ့စက်ရုံက တောင်ပေါ်မှာမို့အန္တရယ်လည်း သိပ်များသည်။
ထယ်ယောင်း ဟိုဆော့ကိုမခေါ်ချင်တာကလည်း ဒီအချက်ကြောင့်လည်းပါသည်။
နေလည်းပူပြီး ရာသီဉတုကသာမန်မဟုတ်တာကြောင့် ဟိုဆော့လိုနုနုနယ်နယ်လေးက တရက်ထဲလိုက်လာမိတာနှင့်အိပ်ယာထဲလဲနိုင်သည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now