အပိုင်း (၁၂)
တဖက်သတ်အချစ်တဲ့...
လူတွေများ နမည်ပေးတက်လိုက်ပုံများသိပ်လိုက်ဖက်တာပဲ..နမည်ကိုက နာကျင်မှုတွေ ဆူးတွေအပြည့်..။
တစ်ယောက်တည်းကပဲ နာကျင် ၊ တစ်ယောက်ထဲကပဲခံစား ၊ ပျော်ရွှင်မှုဆိုတာ အစအနတောင်မရှိတဲ့ ချစ်ခြင်းမေတ္တာတရားတွေလေ..။
တစ်ဖက်တည်းကိုပဲ သတ်တဲ့ အဲ့တဖက်သတ်အချစ်မှာ ကိုယ့်မှာနလန်တောင်ပြန်မထူနိုင်..အရူးတပိုင်းပဲ!.။
နာကျင်ရပေမယ့်လည်း သူ ဆိုတဲ့အသိနဲ့ ဒီတဖက်သတ်အချစ်ကြီးမှာပဲ ပျော်ပျော်ကြီးနစ်ဝင်မိဆဲ..။
သူကတော့ လစ်လျူရှုခြင်းတရားနဲ့ ကိုယ့်အပေါ်လွမ်းမိုးထားတုန်းရယ်..!!။" ဆရာဝန်က.."
"...."
" ဆရာဝန်က ကလေးအဖေလက်မှတ်ထိုးခိုင်းတယ်.. မင်းဆေးရုံလိုက်ပြီး လက်မှတ်ထိုးပေးရမယ် "
" ငါမအားဘူး နောက်နေ့မှသွားကြတာပေါ့ "
အဝတ်အစားတောက်တောက်ပြောင်ပြောင်တို့ကို တစ်ထည်ချင်းစီရွေးနေသူက မအားဘူးဟုဆိုသည့်အခါ ဂျီမင်မျက်နှာကွက်ခနဲ မဲသွားသည်။
ဂျီမင်သိသည်... ဂျောင်ကု အားတယ်ဆိုတာကိုသိသည်။
ကုမ္ပဏီကို တစ်ရက်ထဲသာသွားပြီး နောက်ရက်ဆက်မသွားတော့တဲ့ဂျောင်ကုဟာ ဘာကိစ္စမအားရမည်နည်းး..။" မင်းက ဘာတွေမအားရတာလဲ..!"
" ငါမအားဘူးဆိုမအားဘူးပေါ့ ဘာတွေသိချင်နေတာလဲ.!"
" မင်းအဲ့ကောင်နဲ့ ခုထိအဆက်အသွယ်လုပ်နေတုန်းလား!?"
" ဘယ်ကောင်လဲ..? ဟမ်! မင်းပါးစပ်ကထွက်တဲ့ကောင်ဆိုတာက ဘယ်သူလဲ!"
ဂျောင်ကုက အဝတ်အစားရွေးနေရာမှ ဆက်မရွေးတော့ပဲ သူနှင့်မလှမ်းမကမ်းက ဂျီမင်ကိုစိုက်ကြည့်လာသည်။
သူ့ရဲ့ လျှာကိုပါးသောင်မှာလည်းထိုးထားသေးသည်။ထိုတွင် ဂျီမင်ကဂျောင်ကုအနားတိုးလာပြီး ဂျောင်ကုမျက်နှာကိုတည့်တည့်ကြည့်ကာ..
" ဂျောင်ဟိုဆော့! အဲ့ဂျောင်ဟိုဆော့ဆိုတဲ့ကောင်!! မင်းစွဲလမ်းနေတဲ့ကောင်..အ့့့!! မင်း!!"
ကျယ်လောင်လွန်းတဲ့ အသံပါဝါနဲ့အော်ပြောနေတဲ့ ဂျီမင်ကိုဂျောင်ကုတွန်းထုတ်လိုက်သည်။
အခုမှာ ဂျောင်ကုက ဟိုဆော့မှလွှဲဘာကိုမှမသိ။ သူ့သွေးသားရှိနေတာလဲ သူဂရုမစိုက်! သူက တစ်ကိုယ်ကောင်းဆန်ဆန်တွန်းပစ်လိုက်သည်။