တစ်ဦးပိုင်နာမ်(၅)

935 109 15
                                    

အပိုင်း (၅)

နေဝင်ချိန်ကိုတစ်ယောက်ထဲရပ်ကြည့်ရသလိုမျိုး..
ကန္တရလွင်ပြင်မှာတစ်ယောက်ထဲလမ်းလျှောက်နေရသလိုမျိုး...
လူသူမရှိတဲ့မြို့ပျက်ကြီးမှာ တစ်ကိုယ်ထဲရှင်သန်ရသလိုမျိုး..
အရာရာဟာ ခြောက်ကပ်ကပ်နိုင်လိုက်တာ။
တွေးထင်ထားတဲ့ပျော်စရာတွေက တကယ့်လက်တွေ့မှာလူ့အလယ်မှာဝင်ရောဖို့နေရာဆံ့မနေဘူးပဲ!။
ကလေးအတွေးသာသာဖြစ်သွားတဲ့ စိတ်ကြိုက်ချယ်လှယ်ထားခဲ့တဲ့အစီအစဉ်တွေက အသုံးမကျလိုက်တာ။
ဘာတဲ့

* အပင် ကြီးနေလို့သာနတ်ကွန်းဖြစ်လာတဲ့မင်းက ဘာအစွမ်းအစမှမရှိပဲ ငါ့လိုလူကိုမယဉ်ပါနဲ့*

တဲ့လား..ခင်ဗျားကသိပ်စကားတက်တာပဲ..အဲ့စကားလုံးမျိုးတွေကိုများ ချစ်လေးကငြိတွယ်နေရောလား? ခက်လိုက်တာ စကားမတတ်တဲ့ငါနဲ့တော့ တဖက်ပြိုင်ဘက်ကိုအလွယ်တကူရှုံးမှာသိသာလွန်းလိုက်တာ။

ဂျောင်ကု သူ့ရဲ့လက်သီးစုပ်ကြီးကြီးကို ကားစီယာတိုင်ကိုထိုးလိုက်ရင်း ထွက်လာသည့်ဒေါသကိုချုပ်တည်းလိုက်သည်။
ဤကဲ့သို့ ဂျောင်ကုလုပ်နေသည်မှာအရှုံးကိုထိပ်တိုင်တွေ့လာခဲ့ရတဲ့ ဟိုကုမ္ပဏီကပြန်လာကတည်းပင်။
တစ်လမ်းလုံးဂျောင်ကု စီယာတိုင်ကိုထိုးလို့မပြီးနိုင်..သူထိုးပါများလွန်းလို့ ကားဟွန်းလေးကလည်းအယောင်ယောင်အမှားမှားပျက်တောင်သွားသည်။

Flashdback.....

ဂျောင်ကု ဂျီမင်အဖေပိုင်တဲ့ကမ္ပဏီထဲကို ကျော့ကျော့‌မော့မော့နှင့်ဝင်လိုက်သည်။
အရင်နေ့တွေကနှင့်မတူစွာ suitအနက်ကို တသေတချာဝတ်ထားတဲ့ ဂျောင်ကုဟာအတော်လေးကြည့်ကောင်းလွန်းသည်မို့ ရုံးဝန်ထမ်းမလေးတွေအကြည့်တွေကလည်း ဂျောင်ကုဆီကပ်လျက်....

ဂျောင်ကုအစည်းအဝေးအခန်းထဲကို ဝင်လိုက်ပြီး အခန်းထဲထိုင်နေကြသည့်အထက်အရာရှိတွေအပါအဝင် လက်အောက်ငယ်သားတွေကိုပါ ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး ဦးတည်ရာက ဟန်ပါပါထိုင်နေသူထယ်ယောင်းဘေးခုံကိုပင်..
ဂျောင်ကုထယ်ယောင်းနဘေးဝင်ထိုင်ပြီး ဘေးကထယ်ယောင်းကိုအကဲခပ်ကြည့်မိသည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now