တစ်ဦးပိုင်နာမ်(၂၄)

800 83 13
                                    

အပိုင်း(၂၄)

" မလုပ်ပါနဲ့~ ဟင့့် မလုပ်ကြပါနဲ့..မောင့်ကို မရိုက်ကြပါနဲ့~ တောင်းပန်ပါတယ် ဟင့့်"

ငိုသံတွေရောနှောကာ တအင့်အင့်တအီးအီးယောင်သံတွေကြား ပီပြင်စွာကြားလိုက်ရသောအသံတွေကြောင့် ရေစိုဝတ်ကိုနဖူးပေါ်လှမ်းတင်ပေးမည်ပြုသည့်ဂျောင်ကုလက်တွေက အားမရှိသလိုတုန်ရီလာသည်။
မျက်ဝန်း‌တွေကြားအိုင်လာသည့်မျက်ရည်တွေကို မျက်နှာကျက်ကိုမော့ကြည့်ရင်းပျောက်လို့ပျောက်ငှာလက်တည့်စမ်းကြည့်တော့ မျက်ရည်တွေကပါးပြင်ပေါ်ကနေကျလာခဲ့ဘူး နထင်ပေါ်ကသာစီးကျသွားသည်။
ဟက်! ခုန်နှုန်းနှေးသွားတဲ့နှလုံးသားရဲ့ * သူမင်းကိုမချစ်ဘူးလား*ဆိုတဲ့ အမေးကိုလည်းမည်သို့ပင်လိမ်ကာဖြေရမည်နည်း။ ချစ်ရတာခက်လွန်းတယ်။

တုန်နေသောလက်တွေကြောင့် ရေပတ်တိုက်ပေးဖို့ကိုလက်လျော့လိုက်ပြီး ရေဇလားကိုရေချိုးခန်းဆီပြန်သွားထားလိုက်သည်။
ထားပြီးတော့ အိပ်ယာပေါ်ကိုတက်၍ချစ်သောကို ကျောပေးလျက်မျက်လုံးနီနီတွေကိုပိတ်ချလိုက်သည်။ ဆုံးရှုံးမှာကြောက်ခဲ့လွန်းလို့ ငိုခဲ့ရသည့်မျက်လုံးနီနီတွေဟာ တစ်ဦးတစ်ယောက်အတွက်ထဲသာ အကြိမ်အကြိမ်ငိုဖူးခြင်းဖြစ်သည်ကို တစ်နေ့ချစ်သောကိုပြောပြချင်ပါသေးသည်။

" ဟင့့်~ မလုပ်ကြပါနဲ့! မောင့်ကိုမရိုက်ကြပါနဲ့!! ဟင့့့့်ကျေးဇူးပြုပြီး မလုပ်ပါနဲ့~!"

နောက်တစ်ကြိမ်ထပ်မံထွက်လာသည့် အသံသေးသေး၌ ဂျောင်ကုမနေနိုင်စွာချစ်သောဘက်ကိုလှည့်၍ ခန္ဓာကိုယ်လေးတုန်လာသူကိုလှုပ်၍နှိုးလိုက်သည်။

" ချစ်ဆုံး~ ထပါဦး ချစ်ဆုံး..!"

" အင်..ဟင့့့့်မောင်.! မောင့်ကိုရိုက်နေကြတယ်.. ဂျောင်ကုကယ်ပါ~ မောင်ကငါ့ကိုလိုက်ရှာနေတယ် မောင်အရမ်းပိန်သွားတယ် မောင့်ကိုယောက်ကျားကြီးတွေကဝိုင်းကန်နေကြတယ်.. ဟင့့်‌ နောက်သူတို့ကမောင့်ကိုအရူးတဲ့..!"

နိုးနိုးချင်းတိုင်တောသည့်နှယ် ဆိုလာသည့်သူလေးကဂျောင်ကုရင်ခွင်ကြီးထဲ ငိုရှိုက်ကာတိုးဝင်လာသည်။ ရင်ဘတ်ကြီးပေါ်မျက်နှာလေးအပ်ရင်း တရှို့ရှို့ဖြစ်နေသူလေးရဲ့‌ ကျောပြင်သေးလေးကို ဂျောင်ကုအ‌ထက်အောက်ပွတ်ပေးပြီး ဆံနွယ်အနက်လေးတွေကြားသူ့လက်ကိုထိုးလိုက်သည်။
နူးညံ့လွန်းတယ်..တသက်လုံးပိုင်ဆိုင်ချင်တယ်  ကိုယ့်အတွက်ပဲနေပေးပါ့လားချစ်သောရယ်....

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now