တစ်ဦးပိုင်နာမ်(၈)

813 108 24
                                    

အပိုင်း (၈)

#ဖြန်းး!

" မင်းလည်း ဖောက်ပြန်ဖို့မကြိုးစားနဲ့လေ!"

အရိုက်ခံရတဲ့ကျယ်ကျယ်လောင်လောင်အသံနှင့်အတူ နီးမြန်းသွားတဲ့ပါးတဘက်က အနီရောင်အရာထင်သည်ကိုပို၍ အနီရောင်သွေးစက်ထွက်သည်အထိလုံလောက်သည်။

ဂျောင်ကု လက်သည်းနှင့်ခြစ်မိကာပေါက်သွားသည့်ပါးပြင်ကိုကိုင်ရင်း ဂျီမင်ကိုဒေါသလျှမ်းလျှမ်းတောက်နေသောမျက်ဝန်းတို့နှင့်ကြည့်၍...

" ငါ..သူ့ကို..ရအောင်..ယူမှာ... သူ့ဆန္ဒမပါလည်းယူမှာ.."

" ယူလေ! လွယ်မယ်ထင်လား! ဟမ်! ငါ့လိုကောင်က ငါ့ခွက်ထဲမှာ ရှိနေတဲ့ရေကိုတခြားသူကို လွယ်လွယ်သောက်ခွင့်ပေးမယ်ထင်နေလား!?"

" ဒါဆို အဲ့ရေကို မင်းကောသောက်လို့ရလား? ဟမ့်! မင်းသောက်နိုင်ရင်တောင်အဲ့ရေကမင်းကို သေစေမှာ...ဘာလို့ဆို မင်းအတွက်အဲ့ရေကအဆိပ်မို့..."

"......."

အသားတွေတဆတ်ဆတ်တုန်လာစေရန် ရည်ရွယ်ပြောလိုက်တဲ့ ဂျောင်ကုစကားတွေဟာအတော်ထိရောက်ပုံ...။
ဂျီမင် သူစကားနှင့်သူတိုင်ပြန်ပတ်ကာ ဒေါသတွေထွက်လွန်းလို့သူ့အသားတွေတောင်တုန်ရီလာသည်။ အထူးသဖြင့် သူဖိကိုက်ထားတဲ့သူ့နှုတ်ခမ်းတွေ.., အဲ့နှုတ်ခမ်းတွေကပိုလို့ပင်တုန်ရီနေသည်။။။

" မင်း.. ငါ့လိုလူမျိုးကို ချစ်မနေနဲ့အုန်း... ပင်ပန်းမယ် ဟက်၊!"

:

လှောင်ပြုံးပြုံးကာဆို၍ ထွက်သွားသောဂျောင်ကုကျောပြင်ကိုကြည့်ပြီး ဂျီမင်တကိုယ်ရည်ကြားရုံအသံနှင့် ဆိုမိသည် က...

" ငါကအပင်ပန်းခံနိုင်တယ် ဂျောင်ကု.."

*******

အလုပ်တွေပိနေသောကြောင့် ထယ်ယောင်းတစ်ယောက်ဒီနေ့တော့ အိမ်ပြန်နောက်ကျမည်ဖြစ်သည်။
ထို့ကြောင့် အိမ်ပြန်နောက်ကျလိမ့်မည်ဖြစ်ကြောင်းထယ်ယောင်း ဟိုဆော့ကိုဖုန်းဆက်၍ပြောရန် ဖုန်းကိုဆက်နေပေမယ့် ကိုင်သူမဲ့နေမှုကြောင့် ထယ်ယောင်းအကျက်ရိုက်ရသည်။
တစ်ခုခုများဖြစ်နေလားဆိုပြီး အိမ်ပြန်ပြေးချင်ပေမယ့် အလုပ်တွေကအရေးကြီးနေတာမို့ မဖြစ်နိုင်။
အိမ်သာသွားရင်းဆက်နေရသည်မို့ အချိန်ကသိပ်မရ ၊ ဒါကြောင့်မို့ ခေါ်နေတုန်းကို တစ်ယောက်ယောက်ကိုင်ပေးစေချင်သည်။
ဖုန်းဆက်ကြိမ်ရေသာများလာလို့ ဖုန်းအား‌တွေလျော့ ၊ အိမ်သာမှာရှိချိန်တွေသာ ကြာလာပေမယ့်ဖုန်းကဖြေသူမဲ့တုန်း!။
စိတ်မရှည်တဲ့ထယ်ယောင်းလည်း အကြိမ်ရေ(၅၄) ခါတိတိခေါ်ပြီးပြီမို့ ဒေါသကထွက်လာသည်။
မကိုင်လည်း‌နေဟူ၍သာပစ်ထား၍နေလိုက်တော့မည်ဟုတွေးကာ ဖုန်းကိုပါဝါပိတ်ပြီး အလုပ်နေရာဆီပြန်သွားလိုက်သည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now