တစ်ဦးပိုင်နာမ်(၁၀)

795 100 41
                                    

အပိုင်း (၁၀)

ခြေသံတွေ ရောယှက်လှတဲ့အဆင့်မြင့်ဆေးရုံထဲ ယောင်ယောင်လယ်လယ်နဲ့အပြေးအလွှားဖြစ်နေသူ...ဟိုဆော့

အနာရောဂါပေါင်းစုံကုသတဲ့နေရာဖြစ်သည့်အတွက် များလွန်းတဲ့လူအမြောက်အများကိုဟိုဆော့မကြိုက်လှ။
သို့ပေမယ့် ကြိုက်သည်မကြိုက်သည်ကို ဟိုဆော့မှာ ရွေးချယ်နိုင်စွမ်းကင်းမဲ့လျက်ရှိနေသည်။
ဟိုဆော့စိတ်ထဲမှာ ကြီးစိုးနေတာတစ်ခုသာရှိသည်။
ထိုသည်ကားး ဂျောင်ကုသာ...။

ဟိုဆော့ဆေးရုံက nursesတွေကို ဂျောင်ကုအခန်းနံပတ်ကို မည်သို့မည်ပုံပြောပြီးမမေးတက်တာကြောင့် ယခင်ကဆက်သွယ်ထားခဲ့သောဖုန်းနံပတ်လေးကို ပြန်ကာခေါ်လိုက်သည်။
ပြီး ဂျောင်ကုရဲ့အခန်းနံပတ်ကို မေးမြန်၍ ဂျောင်ကုရှိရာအခန်းဆီကို တဖန်ပြေးကာသွားလိုက်၏..။
တချိန်က ပြေးခြင်းသည်မောပန်းခြင်းကိုဆောင်သည်ဟူ၍ဆိုပြီး ပြေးရတာကိုမုန်းတဲ့ဟိုဆော့ဟာ ခု‌များတော့ပြေးလိုက်လွှားလိုက်ရယ်...။

ဟိုဆော့ ဂျောင်ကု‌အခန်းရှေ့ရောက်တော့ တံခါးမခေါက်ပါပဲ ဝင်ချလိုက်သည်။
အခန်းထဲခြေတဖက်ချရင်းနှင့်ပင် ကြီးမားလွန်းတဲ့အခန်းကဟိုဆော့ကိုဆွဲဆောင်ခဲ့သည်။
အခန်းက VIPအခန်းပေမို့ ကျယ်လွန်းသည်။
အနံ့အသက်လည်းကောင်းပြီး
ဆေးရုံနှင့်မတူစွာ ကောင်းမွန်လွန်းတဲ့အပြင်အဆင်တွေကို ပြင်ဆင်ထားသည့်အခန်းကို ဟိုဆော့ကြာမြင့်စွာ ကြည့်ပြီးတော့ ဆေးရုံကုတင်ဖြစ်ဟန်တူသည့် ကုတင်အနားကိုသွားလိုက်သည်။
မည်သည့်အပ်ကျသံမျှ မကြားရသည့်အခန်းကြောင့် ကုတင်ပေါ်ရှိ‌စောင်ကို ခေါင်းမြီးခြုံထားသူကအိပ်ပျော်နေသည်ဟု ဟိုဆော့တွေးလိုက်ပြီး အသာလေးထိုကုတင်အနားက ဆိုဖာပေါ်သွားထိုင်နေလိုက်သည်။

ဟိုဆော့ သူ့ရဲ့အိတ်ကိုဘေးချလိုက်ပြီး သူ့ရှေ့မှာရှိနေတဲ့ စားပွဲဝိုင်းပေါ်ကကိတ်ကိုကြည့်မိသည်။
အပြာနုရောင် ကိတ်ကလေး..
ထိုကိတ်ကလေးပေါ်က * ချစ်ခြင်းသက်သေ* ဆိုတဲ့စာကြောင်းလေးဟာ နီနီရဲရဲလေးဖြင့် ထင်ရှားစွာနေရာယူနေသည်။
ပြီး ဘေးကဝိုင်နီတွေ.. ။
ဟိုဆော့ သိလိုက်ပြီ!။။
သူအလိမ်ခံလိုက်ရပြီဆိုတာကိုလေ...။
ဖွါးကနဲ ထွက်လာတဲ့မီးရှုးမီးပန်းတွေလို ထောင်းကနဲထွက်လာသည့်ဒေါသတွေဖြင့် ဟိုဆော့ကုတင်ပေါ်က စောင်ကိုဆွဲကာလွင့်ပစ်လိုက်တော့..

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now