(၂၈)

1.7K 105 32
                                    

(final episode)

" ပါးဆော့.! ပါးးပါးဆော့.! "

" ‌Junghyung..! ပါးပါးဒီဘက်မှာရှိတယ် လာခဲ့.."

အသံဆာဆာလေးကို Hoseok မီးဖိုခန်းထဲညနေစာကြက်သားကိုင်ရင်းသူ့ဆီလာဖို့ပြောလိုက်သည်။
ပြောပြီးမကြာပါ အသက်(၅)နှစ်ရှိပြီဖြစ်တဲ့ သားလေးက Hoseokခြေထောက်ကဘောင်းဘီစကိုသူရောက်ပြီဖြစ်ကြောင်း ဆွဲလာလေသည်။

" ပါးဆော့ချို..! သားခေါ်နေတယ်ယေ..သားကိုကြည့်..."

" အွန်း ကြည့်ပြီ..ကြည့်ပြီ "

အသက်သာငယ်တာ သူ့ဒယ်ဒီနဲ့မတူပဲစိတ်မရှည်သောသူလေးရယ်မို့ ကိုင်လက်စကြက်သားငိုဘေးချပြီးအမြန်လှည့်ကြည့်လိုက်ရသည်။ဘယ်လောက်စိတ်မရှည်လည်းဆို စကားမပီသေးဘဲ အော်ငေါက်နေတာသာကြည့်..။
သူပြောသလိုမကြည့်ရင် အော်ငိုတော့မယ့်သားကိုhoseokအမြန်လှည့်ကြည့်တော့ သက်ပြင်းသာစွဲစွဲငင်ငင်ချရသည်။

အပေါ်အောက်အင်္ကျီအဝတ်အစားမပါဘဲ နှာခေါင်းကိုလက်နဲ့နှိုက်နေကာ Hoseokသူ့ကို မော့ကြည့်နေသောသားကို မျက်မှောင်ကျုံ့ကြည့်လိုက်တယ်။
သူ့ဒယ်ဒီအင်္ကျီဝတ်ပေးနေရာကနေ ပြေးထွက်လာသည်ထင်ရဲ့!။

" Junghyung..သားဒယ်ဒီကရော? အခန်းထဲသော့ပိတ်ခဲ့ပြန်ပြီလား? သားအရမ်းဆိုးနေတယ်နော်.."

" ပါးဆော့ အဝတ်ဝတ်ပေးချာ.. ဒယ်ဒီဝတ်ပေးထာကြယယ်..!"

မေးတာမဖြေပဲ လိုရာသာပြောနေသူက သူ့ဒယ်ဒီရဲ့စိတ်နဲ့လုံးဝမတူ..။ စိတ်အရမ်းဆတ်ပြီး စိတ်တိုလွယ်သည်။
သူ့ဒယ်ဒီရဲ့ ခန့်ခန့်ချောချောမျက်နှာတော်နဲ့သာမတူခဲ့ရင် ဒါကKim Taehyungသားပါဆို ယုံမယ့်သူရှိမှာတောင်မဟုတ်ဘူးရယ်။

" ပါးဆော့ချို..! အဝတ်-"

" မဝတ်ပေးဘူး.! သွား..မင်းဒယ်ဒီကိုသော့သွားဖွင့်ပေးချေ..!"

" ဟွန့်! ပါးဆော့က သားကိုအော်ယယ်.! အီးးဟီးး.!"

ကြည့်.!ထစ်ကနဲရှိဆို အမြဲအော်ငိုနေတတ်တာ။ ငိုရင် ရတယ်ဆိုတဲ့အသိကလည်း မောင်ရဲ့အလိုလိုက်မှုကြောင့် ဒီကောင်လေးကသိနေပြီ..အဲ့တော့ သူလိုချင်တာမရရင်အမြဲငိုပြရော..။
တစ်ဦးတည်းသောသားလေးမို့ hoseokသိပ်ချစ်ပေမယ့် အခုလိုအခန်းထဲမှာ စသလိုလိုနောက်သလိုလိုနဲ့ သော့ပိတ်ပြီးကိုယ့်ယောက်ကျားအပေါ်အရမ်းအနိုင်ယူနေတာကို မကြိုက်လှ။
အသက်မြန်းကြီးလာရင် အခုလိုအနိုင်ယူပုံမျိုးနဲ့ မဖြစ်ဘူး။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now