- 1 -

1.4K 82 2
                                    

[This short story will contain physical abuse, sexual abuse, angst,  harassment, self-harm, toxicity. You've been warned. Please do not read it if you're sensitive on these topics. Thankyou.]


[Unicode]

ဒီနေ့က အစ်ကိုဆောင်းဟွန်းနဲ့အတူတူ စင်ပေါ်မှာဖျော်ဖြေရမယ့်နေ့။ ကျွန်တော်ဖျော်ဖြေတဲ့ပွဲတိုင်းကို လာကြည့်ပေးနေကျ အစ်ကိုက ဒီနေ့ပွဲကိုလည်း ရောက်လာခဲ့တယ်။ ဒါပေမယ့် အရင်ကလိုမျိုး အစ်ကို့မျက်နှာပေါ်မှာ အပြုံးတွေမတွေ့ရဘူး။ အစ်ကို့ရဲ့အားပေးသံကို မကြားရဘူး။ အစ်ကို့ပုံစံက လုံး၀ပျော်မနေတဲ့ပုံပါပဲ။

အစ်ကို့မျက်လုံးတွေကိုကြည့်တာနဲ့ တစ်ခုခုမှားနေမှန်းခံစားမိတာမို့ ဖျော်ဖြေနေတဲ့တစ်လျှောက် ကျွန်တော်ပျော်မနေခဲ့ဘူး။

ဒါမှမဟုတ် ကျွန်တော်ပဲအရမ်းအတွေးလွန်နေမိတာများလား။ အစ်ကို့အလုပ်တွေနဲ့ ပင်ပန်းနေလို့ ဒီလိုဖြစ်နေတာလား။

ဖျော်ဖြေမှုအပြီးမှာ လူတွေအများကြီးက ကျွန်တော်တို့ကို လက်ခုပ်တီးပြီး အားပေးနေကြတယ်။ အစ်ကိုကလွဲလို့ပေါ့။

စင်ပေါ်ကဆင်းတာနဲ့ စင်အနောက်ဘက်ကိုလာပြီး စောင့်နေတဲ့အစ်ကိုကြောင့် အနားကိုအပြေးသွားလိုက်တယ်။ နှုတ်ခမ်းပေါ်ကိုကျရောက်လာတဲ့ အနမ်းတစ်ပွင့်နဲ့ ကျွန်တော့်ကိုပွေ့ဖက်ထားတဲ့ ရင်ခွင်နွေးနွေးကလွဲပြီး အစ်ကိုပျော်မနေပြန်ဘူး။ ဒါပေမယ့် စင်ပေါ်မှာကျွန်တော်ဘယ်လောက်လှခဲ့ကြောင်း အစ်ကိုကဂုဏ်ယူစွာနဲ့ပြောခဲ့တယ်။ ရပါပြီ၊ ဘာကိစ္စကြောင့်နဲ့မှန်းမသိပေမယ့် ဒီလောက်နဲ့ ခွင့်လွှတ်ပေးရမှာပေါ့။

ကျွန်တော် စိတ်လည်းမဆိုးသလို ၀မ်းလည်းမနည်းခဲ့ပါဘူး။ ဒီလိုမျိုး အစ်ကိုအနားမှာရှိနေသရွေ့ပေါ့။

အဲဒီ့အချိန် အစ်ကိုဆောင်းဟွန်းက နှုတ်ဆက်ဖို့လာတော့ တစ်ချက်လေးတောင်လှည့်မကြည့်တဲ့ အစ်ကို။ ထိုအစား ကျွန်တော့်လက်ကိုအတင်းဆုပ်ကိုင်ပြီး အပြင်ကိုဆွဲခေါ်သွားခဲ့တယ်။ ရုတ်တရက်ဘာကြောင့်ပြောင်းလဲသွားရတယ် ကျွန်တော်မသိဘူး။ ဒါ အစ်ကို့ပုံစံမှမဟုတ်တာ။

မစဉ်းစားတတ်တော့လို့ အကြောင်းအရင်းကိုမေးတော့လည်း ဘာမှပြန်မပြောဘဲ ကားထဲကိုရောက်အောင်အရင်ခေါ်သွားခဲ့တယ်။

𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now