- 8 -

440 56 0
                                    

[Unicode]




မထူးဆန်းဘူးလား။ တစ်အိမ်တည်း၊ တစ်ခန်းတည်းမှာနေ တစ်ကုတင်တည်း တူတူအိပ်ကြပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံး စကားတစ်ခွန်းတောင် မပြောဖြစ်ကြဘူး။

အမြဲပျော်ရွှင်‌ခဲ့ကြတဲ့ ကျွန်တော်တို့နှစ်ယောက်က ခုလိုဖြစ်ရတာ တကယ်စိတ်မကောင်းစရာပါပဲ။ အစ်ကို့ကိုစောင့်နေတာမလို့ အစ်ကို့ဘက်ကအရင် မချဉ်းကပ်လာသရွေ့ ကျွန်တော့်ဘက်ကလည်း ရှေ့ဆက်တိုးမှာမဟုတ်ဘူး။

ဒီနေ့ညမှာတော့ နောက်ကျတဲ့ထိ ပြန်မလာသေးတဲ့အစ်ကို့ကို စောင့်နေမိတယ်။ စိတ်ပူလို့ခေါ်ထားတဲ့ ဖုန်းကိုလည်း မကိုင်သေး။ ကံကောင်းစွာနဲ့ အိမ်ရှေ့တံခါးဖွင့်သံကြားတော့ အပြေးသွားကြည့်မိတယ်။ အဝေးကနေတောင်စူးခနဲရတဲ့ အရက်နံ့နဲ့ ယိုင်တိယိုင်တိုင်၀င်လာတဲ့အစ်ကို့ကို မြင်လိုက်ရတယ်။ သို့သော်လည်း အိမ်ကိုအန္တရာယ်ကင်းကင်းပြန်ရောက်လာတာနဲ့တင် ကျွန်တော်စိတ်အေးရတယ်။ စကားမပြောပေမယ့်လည်း ဒီလိုအခြေအနေနဲ့အစ်ကို့ကို ဂရုစိုက်ပေးဖို့ တာ၀န်ရှိတယ်။

အစ်ကို့ကိုခါးကနေဖက်ပြီး အခန်းထဲကို မနိုင့်တနိုင်ခေါ်သွားရတယ်။ အဲဒီ့အချိန်မှာပဲ အစ်ကို့ဘက်ကပင်စတင်အကြည့်ချင်းဆုံပြီး ငိုတော့တယ်။ သူတောင်းပန်ကြောင်းကို ထပ်ခါတလဲလဲပြောတယ်။ အစ်ကို့မျက်၀န်းတွေက အရက်ရှိန်ကြောင့် ရီဝေဝေဖြစ်နေပေမယ့် နောင်တရိပ်တွေသန်းနေတာကိုလည်း မြင်နေရတယ်။ အရာအားလုံးပြန်လည်ပုံမှန်ဖြစ်တော့မှာကိုတွေးပြီး ကျွန်တော်စိတ်သက်သာရာရသွားတယ်။

အ၀တ်တွေကိုလဲပေးဖို့ ကြယ်သီးဖြုတ်ရန်ပြင်တော့ ရုတ်တရက်နမ်းလာတဲ့အစ်ကို့ကြောင့် လန့်ပြီးအသာတွန်းလိုက်မိတယ်။ မူးနေတဲ့အ‌ခြေအနေမှာတော့ ကျွန်တော် ဒီလိုမျိုးတွေမလိုချင်ဘူး။

သို့ပေမယ့် ပိုပြီးငတ်မွတ်စွာနမ်းရှိုက်လာတဲ့အပြင် ကျွန်တော့်ကိုယ်ပေါ်ကနေ အတင်းဖိပြီးချုပ်ထားတာကြောင့် လှုပ်၍မရနိုင်အောင်ပါပဲ။ ရုန်းကန်နေတဲ့ကျွန်တော့်ကို ဒေါသဖြစ်ဟန်နှင့် ပိုပြီးအရိုင်းဆန်လာသောလက်တို့ကြောင့် ငြင်းဆန်၍ပင်မရပါဘဲ ခန္ဓာကိုယ်ရှိအ၀တ်တို့မှာလည်း ဟိုတစ်စဒီတစ်စဖြင့်။ ထပ်မံရုန်းကန်၍မရတော့သောအခြေအနေကြောင့် မျက်ရည်ကျရုံမှလွဲပြီး ဘာမှမတတ်နိုင်။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ရော၊ စိတ်ရော အစ်ကို့ကြောင့် နာကျင်ရပြန်ပါပြီ။

𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now