[Unicode]
ကျွန်တော်နဲ့အစ်ကို့ကြားမှာ အရင်ကလိုပဲ ပြန်အဆင်ပြေလာတယ်။ စတူဒီယိုကိုလည်း ကျွန်တော်ထပ်မသွားတော့ဘူး။ အစ်ကိုဒေါသဖြစ်စေမယ့်အရာမှန်သမျှ ကျွန်တော်ရှောင်တယ်။ အစ်ကိုနဲ့အတူနေရရင် ကျန်တာဘာမှဂရုစိုက်စရာမလိုဘူး။ အစ်ကို့အချစ်တွေနဲ့တင် ကျွန်တော့်အတွက် လုံလောက်တယ်။
ဒီနေ့တော့ ကျွန်တော် အပြင်ကိုလမ်းလျှောက်ထွက်ခဲ့တယ်။ တစ်နေကုန်အိမ်ထဲမှာပဲနေနေတာမလို့ လေကောင်းလေသန့်ရှူရအောင်ဆိုပြီး အနီးနားကပန်းခြံလေးဆီကိုသွားလိုက်တယ်။ နေရာအရောက်မှာပဲ တွေ့လိုက်ရသောအစ်ကိုဆောင်းဟွန်းက ပြုံးပြပြီး ကျွန်တော့်ကိုအပြေးလာဖက်တာကြောင့် နေရာမှာတင်တုန်လှုပ်သွားမိတယ်။ အစ်ကိုမြင်သွားမှာကို ကြောက်တယ်။ ကျွန်တော်စဉ်းတောင်မစဉ်းစားရဲတော့ဘူး။
ကျွန်တော့်ရဲ့ပြောင်းလဲသွားတဲ့ပုံစံကို အစ်ကိုဆောင်းဟွန်းက အမေးတွေတစ်ခုပြီးတစ်ခုထုတ်နေပေမယ့် ခေါင်းထဲပေါ်တာအမြန်ဖြေပြီး ထိုနေရာကနေ ကျွန်တော်အမြန်ပြေးထွက်လာလိုက်တယ်။ အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လည်း ရင်တွေတုန်ပြီးကြောက်ရွံ့နေမိတယ်။
ဒါပေမယ့် အိမ်ပြန်ရောက်တော့ ကျွန်တော့်ကိုပြုံးပြပြီး ပွေ့ဖက်ကာ နူးနူးညံ့ညံ့နမ်းရှိုက်လာတဲ့အစ်ကို့ကြောင့် ကျွန်တော်စိတ်အေးစွာတဲ့ ပြန်တုံ့ပြန်လိုက်တယ်။ ခဏအကြာမှာတော့ နေရာချင်းခွာပြီး လမ်းထွက်လျှောက်တာဘယ်လိုနေလဲ မေးတယ်။ သီချင်းလည်းနားထောင်ပြီး လမ်းလျှောက်လို့ကောင်းခဲ့ကြောင်းပြန်ဖြေတော့ ခေါင်းညိတ်ပြကာ ညစာဘာစားချင်လဲမေးနေတဲ့အစ်ကို့ကြောင့် ကျွန်တော်နဲ့အစ်ကိုဆောင်းဟွန်းကို မြင်ခဲ့ပုံမပေါ်၍ စိတ်သက်သာရာရမိတယ်။
ဒါပေမယ့် ကျွန်တော် ထပ်မှားခဲ့ပြန်တယ်...။
To be continued...
[Zawgyi]
To be continued...
YOU ARE READING
𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]
Fanfiction- 𝐋𝐞𝐞𝐇𝐞𝐞𝐬𝐞𝐮𝐧𝐠 × 𝐊𝐢𝐦𝐒𝐮𝐧𝐨𝐨 - 𝐘𝐨𝐮 𝐚𝐫𝐞 𝐦𝐲 𝐥𝐨𝐯𝐞 𝐚𝐧𝐝 𝐟𝐨𝐫𝐞𝐯𝐞𝐫 𝐰𝐚𝐫𝐦𝐭𝐡. 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐢𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐛𝐨𝐭𝐡 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐚𝐧𝐝 𝐙𝐚𝐰𝐠𝐲𝐢 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐧𝐨𝐭 𝐦𝐲 𝐨𝐰𝐧. 𝐓𝐡𝐢𝐬 𝐢𝐬 �...