- 11 -

434 57 11
                                    

[Unicode]






နောက်တစ်နေ့မှာတော့ အစ်ကိုက သူ့သူငယ်ချင်းတွေဖြစ်တဲ့ အစ်ကိုဂျယ်ယွန်း၊ အစ်ကိုဂျုံဆောင်းတို့နဲ့ သွားတွေ့မယ်ပြောတာကြောင့် ကျွန်တော်သွားခိုင်းခဲ့တယ်။

ပြန်ရောက်လာတော့ အရင်ကအတိုင်းပါပဲ။ ထပ်ပြီးသောက်လာပြန်တဲ့ အစ်ကို့ကိုမြင်လိုက်ရတော့ ရင်ထဲတုန်လှုပ်လာရတယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အစ်ကို့ကိုမြင်ရတာ ပိုပြီးနာကျင်ရတယ်။

အစ်ကို့ခန္ဓာကိုယ်ကိုသွားတွဲတော့ ကျွန်တော့်လက်ကိုဖယ်ထုတ်ပြီး ကြောက်စရာကောင်းအောင်စိုက်ကြည့်နေခဲ့တယ်။ ထပ်ပြီးတော့ ကြမ်းပြင်ပေါ်ကိုတွန်းချပြန်တယ်။ အစ်ကိုဆောင်းဟွန်းနဲ့ဘာကြောင့်တွေ့တာလဲဆိုပြီး အော်ဟစ်ပြောနေခဲ့တယ်။

ဒါဆို အဲဒီ့နေ့က အစ်ကိုမြင်ခဲ့တယ်ပေါ့။

လဲကျနေရာကနေထဖို့ပြင်ပေမယ့် အရှိန်ပြင်းပြင်းနဲ့ကန်ကျောက်‌လာတဲ့ အစ်ကို့ခြေထောက်တွေကြောင့် တစ်ကိုယ်လုံးနာကျင်လွန်းရတယ်။ ရပ်ပေးဖို့ငိုယိုတောင်းဆိုနေပေမယ့် အစ်ကို့ဘက်က ရပ်တန့်ခြင်းမရှိခဲ့ဘူး။

အစ်ကို့ရဲ့လုပ်ရပ်တွေကို ကျွန်တော် တကယ်မယုံကြည်နိုင်တော့ဘူး။

ထိုမျှနှင့်ပြီးသွားမယ်ထင်ပေမယ့် ထပ်မံကျူးကျော်လာတဲ့လက်တို့ကြောင့် အစ်ကိုပြုသမျှထပ်ခံရပြန်တယ်။ ရုန်းကန်နေလည်း ရထားတဲ့ဒဏ်ရာများကြောင့် လှုပ်မိလေ ပိုနာကျင်လေဖြစ်တယ်။ နူးညံ့ညင်သာမှုမရှိဘဲ အစိမ်းသက်သက်တိုး၀င်လာသော နာကျင်မှုကြောင့် ဒီတစ်ကြိမ်လည်း မျက်ရည်ကျရုံမှလွဲပြီး မတတ်နိုင်။

အစ်ကို့ကြောင့် ကျွန်တော် ထပ်ပြီးအရှက်ရပြန်တယ်။

ပထမဆုံးအနေနဲ့ ကျွန်တော် သံသယ၀င်လာမိတယ်။

အစ်ကို ကျွန်တော့်ကိုချစ်သေးရဲ့လား...။








To be continued...





[Zawgyi]





















To be continued...















𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now