- 12 -

431 56 7
                                    

[Unicode]




နောက်ဆုံးတော့ အိမ်ကနေဆင်းဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ မလုပ်ချင်ပေမယ့် ကြောက်စရာကောင်းတဲ့ညတွေကို ဖြတ်သန်းခဲ့ရတာမို့ ဆက်ပြီးအိပ်မက်ဆိုးတွေမမက်ချင်တော့ဘူး။

အ၀တ်အစားတွေထည့်ပြီး ထွက်သွားဖို့ပြင်တော့ လက်ကနေတင်းကျပ်နေအောင်ဆုပ်ကိုင်ထားတဲ့ အစ်ကို။ အားချင်းမမျှတာမို့ ဘယ်လိုမှရုန်း၍မရဘဲ အိမ်ထဲကိုသာပြန်ရောက်လာရတယ်။

ကျွန်တော့်အပေါ်ရက်စက်ခဲ့ပုံတွေကို အော်ပြောနေလည်း အစ်ကို့ဘက်ကနောင်တရ‌တဲ့ပုံပေါ်မနေဘူး။ အဲဒီ့ပုံစံကြောင့် ကျွန်တော့်ရင်ထဲထပ်နာကျင်ရပြန်တယ်။

အကြည့်စူးစူးတွေနဲ့ပဲစိုက်ကြည့်ပြီး အစ်ကိုဆောင်းဟွန်းနဲ့ဝေးဝေးနေဖို့အကြောင်းကိုပဲ ပြောနေခဲ့တယ်။ အစ်ကို့ကြောင့် နာကျင်ရလွန်းတဲ့အကြိမ်အရေအတွက်တောင် ကျွန်တော်မမှတ်မိနိုင်တော့ဘူး။

ကျွန်တော့်မှာဘာအပြစ်မှရှိ‌မနေကြောင်း ငိုပြီးပြောမိတော့ စကားတောင်မဆုံးသေးဘဲ ကျွန်တော့်ပါးကိုရောက်လာတဲ့ အစ်ကို့ရဲ့လက်ဝါးပြင်းပြင်းတစ်ချက်။

ကျွန်တော့်အသားနာအောင် အစ်ကိုထပ်လုပ်ပြန်ပြီ။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ အစ်ကိုကမူးမနေခဲ့ပါဘူး...။






To be continued...








[Zawgyi]















To be continued...













𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now