[Unicode]
ကျွန်တော်ထပ်ပြီး မထွက်ပြေးနိုင်တော့ဘူး။
ကျွန်တော့်ရဲ့ဖုန်း၊ အိမ်သော့တွေကအစ အစ်ကိုပဲယူထားခဲ့တယ်။ ကျွန်တော်သိတဲ့ အစ်ကို့ရဲ့ပုံစံလုံး၀ဟုတ်မနေခဲ့ဘူး။ ဘာကြောင့်ရုတ်တရက်ပြောင်းလဲသွားရတယ်ဆိုတာကလည်း ဘယ်လိုမှ မစဉ်းစားတတ်တော့ဘူး။
ကျွန်တော် ဘာများမှားခဲ့မိတာလဲ။
ညစဉ်ရက်ဆက် ကျွန်တော့်ကိုပိုပြီးရိုက်နှက်လာတယ်။ အရက်မသောက်ထားဘဲ၊ မူးမနေဘဲ အသိစိတ်ရှိရှိနဲ့ပြုမူနေပုံက ကျွန်တော့်ကိုပိုပြီးနာကျင်စေတယ်။ ကျွန်တော့်ခံစားနေရတာကိုသိရက်နဲ့ မရပ်တန့်နိုင်တဲ့ အစ်ကို့ပုံစံက အိပ်မက်ဆိုးတွေပဲ။
ကျွန်တော့်အလိုမတူဘဲ ခန္ဓာကိုယ်ကိုအသုံးချလာတဲ့အချိန်တွေမှာလည်း ခွင့်ပြုပေးခဲ့တယ်။ အဲဒီ့အချိန်ခဏလေးအတွင်းမှာပဲ အစ်ကို့ရဲ့ချစ်တယ်ဆိုတဲ့ အရသာကို ခံစားနိုင်လို့လေ။ ကျွန်တော့်ကိုနမ်းရှိုက်သမျှ အစ်ကို့ရဲ့နှုတ်ခမ်းပါးနဲ့ ထိတွေ့သမျှ အစ်ကို့ရဲ့အရာအားလုံးကို တန်ဖိုးထားမိတယ်။
အစ်ကိုသာ ကျွန်တော့်ကိုမချစ်ရင် အသားကိုထိမှာတောင်မဟုတ်ဘူးမလား။
အချိန်အတိုင်းအတာတစ်ခုထိအကြာမှာတော့ အစ်ကို့ကိုသည်းခံခဲ့သမျှ အရာအားလုံးကိုရပ်တန့်မိတယ်။ ကျွန်တော် လက်လျှော့လိုက်ပြီ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်အတွင်းအပြင်လည်း နာကျင်မှုပေါင်းများစွာနဲ့ နေသားကျနေပြီ။ ဒါပေမယ့် ရင်ထဲကနာကျင်မှုကိုတော့ ဘယ်မီပါ့မလဲ။
ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပျက်လာမိတယ်။
ဒီလိုမျိုးတွေကြုံနေရတာတောင် အစ်ကို့ကိုချစ်နေဆဲဖြစ်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းမိတယ်။
အီဟီဆွန်း၊ အစ်ကို့ကို ကျွန်တော်ချစ်နေသေးတယ်။
ထပ်ပြီးနာကျင်စေခဲ့ရင်တောင် အစ်ကို့ကို ကျွန်တော်ချစ်နေပါသေးတယ်...။
To be continued...
[Zawgyi]
ကြၽန္ေတာ္ထပ္ၿပီး မထြက္ေျပးနိုင္ေတာ့ဘူး။
ကြၽန္ေတာ့္ရဲ႕ဖုန္း၊ အိမ္ေသာ့ေတြကအစ အစ္ကိုပဲယူထားခဲ့တယ္။ ကြၽန္ေတာ္သိတဲ့ အစ္ကို႔ရဲ႕ပုံစံလုံး၀ဟုတ္မေနခဲ့ဘူး။ ဘာေၾကာင့္႐ုတ္တရက္ေျပာင္းလဲသြားရတယ္ဆိုတာကလည္း ဘယ္လိုမွ မစဥ္းစားတတ္ေတာ့ဘူး။
ကြၽန္ေတာ္ ဘာမ်ားမွားခဲ့မိတာလဲ။
ညစဥ္ရက္ဆက္ ကြၽန္ေတာ့္ကိုပိုၿပီးရိုက္ႏွက္လာတယ္။ အရက္မေသာက္ထားဘဲ၊ မူးမေနဘဲ အသိစိတ္ရွိရွိနဲ႕ျပဳမူေနပုံက ကြၽန္ေတာ့္ကိုပိုၿပီးနာက်င္ေစတယ္။ ကြၽန္ေတာ့္ခံစားေနရတာကိုသိရက္နဲ႕ မရပ္တန႔္နိုင္တဲ့ အစ္ကို႔ပုံစံက အိပ္မက္ဆိုးေတြပဲ။
ကြၽန္ေတာ့္အလိုမတူဘဲ ခႏၶာကိုယ္ကိုအသုံးခ်လာတဲ့အခ်ိန္ေတြမွာလည္း ခြင့္ျပဳေပးခဲ့တယ္။ အဲဒီ့အခ်ိန္ခဏေလးအတြင္းမွာပဲ အစ္ကို႔ရဲ႕ခ်စ္တယ္ဆိုတဲ့ အရသာကို ခံစားနိုင္လို႔ေလ။ ကြၽန္ေတာ့္ကိုနမ္းရွိုက္သမွ် အစ္ကို႔ရဲ႕ႏႈတ္ခမ္းပါးနဲ႕ ထိေတြ႕သမွ် အစ္ကို႔ရဲ႕အရာအားလုံးကို တန္ဖိုးထားမိတယ္။
အစ္ကိုသာ ကြၽန္ေတာ့္ကိုမခ်စ္ရင္ အသားကိုထိမွာေတာင္မဟုတ္ဘူးမလား။
အခ်ိန္အတိုင္းအတာတစ္ခုထိအၾကာမွာေတာ့ အစ္ကို႔ကိုသည္းခံခဲ့သမွ် အရာအားလုံးကိုရပ္တန႔္မိတယ္။ ကြၽန္ေတာ္ လက္ေလွ်ာ့လိုက္ၿပီ။ ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္အတြင္းအျပင္လည္း နာက်င္မႈေပါင္းမ်ားစြာနဲ႕ ေနသားက်ေနၿပီ။ ဒါေပမယ့္ ရင္ထဲကနာက်င္မႈကိုေတာ့ ဘယ္မီပါ့မလဲ။
ကိုယ့္ကိုယ္ကိုယ္ပဲ စိတ္ပ်က္လာမိတယ္။
ဒီလိုမ်ိဳးေတြႀကဳံေနရတာေတာင္ အစ္ကို႔ကိုခ်စ္ေနဆဲျဖစ္တဲ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ မုန္းမိတယ္။
အီဟီဆြန္း၊ အစ္ကို႔ကို ကြၽန္ေတာ္ခ်စ္ေနေသးတယ္။
ထပ္ၿပီးနာက်င္ေစခဲ့ရင္ေတာင္ အစ္ကို႔ကို ကြၽန္ေတာ္ခ်စ္ေနပါေသးတယ္...။
To be continued...
YOU ARE READING
𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]
Fanfiction- 𝐋𝐞𝐞𝐇𝐞𝐞𝐬𝐞𝐮𝐧𝐠 × 𝐊𝐢𝐦𝐒𝐮𝐧𝐨𝐨 - 𝐘𝐨𝐮 𝐚𝐫𝐞 𝐦𝐲 𝐥𝐨𝐯𝐞 𝐚𝐧𝐝 𝐟𝐨𝐫𝐞𝐯𝐞𝐫 𝐰𝐚𝐫𝐦𝐭𝐡. 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐢𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐛𝐨𝐭𝐡 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐚𝐧𝐝 𝐙𝐚𝐰𝐠𝐲𝐢 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐧𝐨𝐭 𝐦𝐲 𝐨𝐰𝐧. 𝐓𝐡𝐢𝐬 𝐢𝐬 �...