[Unicode]
ဆရာ၀န်ဆီသွားရတာ အချိန်အားဖြင့် နှစ်လကျော်လောက် ကြာမြင်ခဲ့ပြီ။ အစ်ကိုတစ်ယောက်တည်းလည်း သွားသလို ကျွန်တော်လည်းလိုက်ပေးလေ့ရှိတယ်။
တကယ်လည်း အထောက်အကူဖြစ်တာကို ကျွန်တော်တွေ့ရတယ်။ အစ်ကိုက ကျွန်တော်ပျော်ရွှင်ဖို့အတွက်ပဲ ဦးစားပေးတတ်လာတယ်။ ဒါပေမယ့် အစ်ကို ကျွန်တော့်ကိုပြုမူခဲ့သမျှအတိတ်ဆိုးတွေကိုတော့ မမေ့နိုင်သေးဘူး။
အစ်ကိုနဲ့တူတူစကားလက်ဆုံပြောဖို့ အချိန်အတော်ကြာ ရှောင်ဖယ်နေလည်း အစ်ကို့ဘက်ကပဲ အတင်းပြန်ချဉ်းကပ်တယ်။ ဒဏ်ရာတွေကိုဆေးထည့်ပေးရင်း တောင်းပန်စကားကို မရေမတွက်နိုင်အောင်ပြောတယ်။ အစ်ကိုကြိုးစားနေသမျှကိုနားလည်ပေမယ့် ကျွန်တော့်အတွက်လည်း အချိန်လိုအပ်နေပါသေးတယ်။
နောက်ထပ်ရက်ပေါင်းများစွာဖြတ်သန်းလာရင်း အစ်ကိုက ကျွန်တော့်ကိုအပြင်ထွက်ခွင့်ပြုသလို သူငယ်ချင်းတွေနဲ့ပါ တွေ့ခိုင်းတယ်။ အဲဒီ့အချိန်မှာ ကျွန်တော့်ဘက်ကအရင် အစ်ကို့ကို စကားနည်းနည်းစပြောလာမိတယ်။ ၀မ်းသာအားရဖြစ်သွားပြီး အရောင်တောက်ပသွားတဲ့ အစ်ကို့မျက်၀န်းတွေက တစ်ချိန်ကအစ်ကို့ကိုပြန်မြင်ရသလိုပဲ။ ကျွန်တော်ထိန်းမထားနိုင်တော့ဘဲ ငိုကြွေးမိတော့ အစ်ကိုကပွေ့ဖက်ထားတယ်။ မငြင်းဆန်နိုင်တော့ဘဲ အစ်ကို့ကို ပြန်ပြီးတင်းတင်းကျပ်ကျပ်ဖက်ထားမိတယ်။ ဖက်ထားရင်းနဲ့ပဲ နှစ်ယောက်လုံး ငိုကြွေးကြတယ်။
ကျွန်တော့်အနေနဲ့ အချစ်ဆိုတာကို ထပ်ခံစားလိုက်ရသလိုပဲ။ နောက်ဆုံးတော့ အချစ်ကို ပြန်တွေ့ရှိရပြီ။
တစ်ချိန်က အစ်ကိုပေးခဲ့ဖူးတဲ့ နွေးထွေးမှုတွေကို ပြန်ခံစားလိုက်ရပြီ။
အစ်ကို ကျွန်တော့်ကိုချစ်နေသေးတာကို သိရပြီ။
အစ်ကို့ဘက်က အရာရာကိုပြုပြင်ဖို့ ကတိပေးတယ်။
ကျွန်တော် အစ်ကို့ကိုယုံကြည်ပါတယ်...။
To be continued...
[Zawgyi]
ဆရာ၀န္ဆီသြားရတာ အခ်ိန္အားျဖင့္ ႏွစ္လေက်ာ္ေလာက္ ၾကာျမင္ခဲ့ၿပီ။ အစ္ကိုတစ္ေယာက္တည္းလည္း သြားသလို ကြၽန္ေတာ္လည္းလိုက္ေပးေလ့ရွိတယ္။
တကယ္လည္း အေထာက္အကူျဖစ္တာကို ကြၽန္ေတာ္ေတြ႕ရတယ္။ အစ္ကိုက ကြၽန္ေတာ္ေပ်ာ္႐ႊင္ဖို႔အတြက္ပဲ ဦးစားေပးတတ္လာတယ္။ ဒါေပမယ့္ အစ္ကို ကြၽန္ေတာ့္ကိုျပဳမူခဲ့သမွ်အတိတ္ဆိုးေတြကိုေတာ့ မေမ့နိုင္ေသးဘူး။
အစ္ကိုနဲ႕တူတူစကားလက္ဆုံေျပာဖို႔ အခ်ိန္အေတာ္ၾကာ ေရွာင္ဖယ္ေနလည္း အစ္ကို႔ဘက္ကပဲ အတင္းျပန္ခ်ဥ္းကပ္တယ္။ ဒဏ္ရာေတြကိုေဆးထည့္ေပးရင္း ေတာင္းပန္စကားကို မေရမတြက္နိုင္ေအာင္ေျပာတယ္။ အစ္ကိုႀကိဳးစားေနသမွ်ကိုနားလည္ေပမယ့္ ကြၽန္ေတာ့္အတြက္လည္း အခ်ိန္လိုအပ္ေနပါေသးတယ္။
ေနာက္ထပ္ရက္ေပါင္းမ်ားစြာျဖတ္သန္းလာရင္း အစ္ကိုက ကြၽန္ေတာ့္ကိုအျပင္ထြက္ခြင့္ျပဳသလို သူငယ္ခ်င္းေတြနဲ႕ပါ ေတြ႕ခိုင္းတယ္။ အဲဒီ့အခ်ိန္မွာ ကြၽန္ေတာ့္ဘက္ကအရင္ အစ္ကို႔ကို စကားနည္းနည္းစေျပာလာမိတယ္။ ၀မ်းသာအားရဖြစ်သွားပြီး အေရာင္ေတာက္ပသြားတဲ့ အစ္ကို႔မ်က္၀န္းေတြက တစ္ခ်ိန္ကအစ္ကို႔ကိုျပန္ျမင္ရသလိုပဲ။ ကြၽန္ေတာ္ထိန္းမထားနိုင္ေတာ့ဘဲ ငိုေႂကြးမိေတာ့ အစ္ကိုကေပြ႕ဖက္ထားတယ္။ မျငင္းဆန္နိုင္ေတာ့ဘဲ အစ္ကို႔ကို ျပန္ၿပီးတင္းတင္းက်ပ္က်ပ္ဖက္ထားမိတယ္။ ဖက္ထားရင္းနဲ႕ပဲ ႏွစ္ေယာက္လုံး ငိုေႂကြးၾကတယ္။
ကြၽန္ေတာ့္အေနနဲ႕ အခ်စ္ဆိုတာကို ထပ္ခံစားလိုက္ရသလိုပဲ။ ေနာက္ဆုံးေတာ့ အခ်စ္ကို ျပန္ေတြ႕ရွိရၿပီ။
တစ္ခ်ိန္က အစ္ကိုေပးခဲ့ဖူးတဲ့ ႏြေးေထြးမႈေတြကို ျပန္ခံစားလိုက္ရၿပီ။
အစ္ကို ကြၽန္ေတာ့္ကိုခ်စ္ေနေသးတာကို သိရၿပီ။
အစ္ကို႔ဘက္က အရာရာကိုျပဳျပင္ဖို႔ ကတိေပးတယ္။
ကြၽန္ေတာ္ အစ္ကို႔ကိုယုံၾကည္ပါတယ္...။
To be continued...
YOU ARE READING
𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]
Fanfiction- 𝐋𝐞𝐞𝐇𝐞𝐞𝐬𝐞𝐮𝐧𝐠 × 𝐊𝐢𝐦𝐒𝐮𝐧𝐨𝐨 - 𝐘𝐨𝐮 𝐚𝐫𝐞 𝐦𝐲 𝐥𝐨𝐯𝐞 𝐚𝐧𝐝 𝐟𝐨𝐫𝐞𝐯𝐞𝐫 𝐰𝐚𝐫𝐦𝐭𝐡. 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐢𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐛𝐨𝐭𝐡 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐚𝐧𝐝 𝐙𝐚𝐰𝐠𝐲𝐢 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐧𝐨𝐭 𝐦𝐲 𝐨𝐰𝐧. 𝐓𝐡𝐢𝐬 𝐢𝐬 �...