[Unicode]
နာကျင်မှုတွေ ထပ်မခံစားနိုင်တော့ဘူး။ မျက်ရည်လည်းမကျချင်တော့ဘူး။ အမှန်တိုင်းပြောရရင် ဘာခံစားချက်မှကို မရှိချင်တော့တာ။
ဒဏ်ရာဗရပွနဲ့ ကိုယ့်လက်ကိုကြည့်မိတော့ ကျက်သွားပြီဖြစ်တဲ့ အနာတွေနဲ့ သွေးတောင်မတိတ်သေးတဲ့ အနာတွေကိုမြင်နေရတယ်။ နည်းနည်းလောက်လှုပ်မိရင်တောင် စပ်ဖျင်းဖျင်းခံစားချက်သာ တိုး၀င်လာတယ်။ မှန်ကြည့်မိတော့ ကိုယ့်မျက်နှာကိုယ်တောင် မမှတ်မိနိုင်လောက်အောင် ဒဏ်ရာတွေနဲ့ပြည့်နေတယ်။
အနားမှာရှိတဲ့ ဓားတိုလေးတစ်ချောင်းကို အမြန်သွားယူမိတယ်။ တုန်ရီနေတဲ့လက်နဲ့ဆန့်ကျင်စွာ ကြောက်ရွံ့ခြင်းကိုမခံစားရဘဲ စိတ်သက်သာရာရတော့မယ့်အငွေ့အသက်ပဲရတော့တယ်။ ဒီထက်ပိုပြီး ဘာမှဆက်ခံစားနေစရာမလိုတော့ဘူးလေ။ ကိုယ်တိုင်ပဲ အဆုံးသတ်လိုက်တော့မယ်။
အသားထဲကိုတိုး၀င်လာတဲ့ ချွန်ထက်လွန်းတဲ့ဓားသွားကြောင့် သွေးတွေကချက်ချင်းစီးကျလာတယ်။ ဒါက အစ်ကိုပေးတဲ့နာကျင်မှုတွေနဲ့ယှဉ်ရင် အလကားပါပဲ။
အသားတစ်စထိုးဆွမိတိုင်း အော်ဟစ်မိတယ်။ ကြမ်းပြင်မှာလည်း အနီရောင်သွေးတွေသာ နေရာယူထားတယ်။ အသက်ရှူပါရပ်တန့်သွားချင်တာမလို့ ဒဏ်ရာကမလုံလောက်သေးဘူး။ ဒီထက်ပိုပြီး ဓားချက်နက်မှဖြစ်မယ်။
ဒါပေမယ့် အစ်ကို့ရဲ့ပြုံးရယ်နေတဲ့ မျက်နှာလေးက ကျွန်တော့်အတွေးထဲ၀င်လာခဲ့တယ်။
ကျွန်တော် မလုပ်နိုင်တော့ဘူး။
အစ်ကို့ကို ကျွန်တော်ထားမသွားနိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ အစ်ကို့ကိုအရမ်းချစ်လို့။
မုန်းလိုက်တာ၊ အရူးတစ်ယောက်လိုမျိုး အစ်ကို့ကိုချစ်နေသေးတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းလိုက်တာ...။
To be continued...
[Zawgyi]
To be continued...
YOU ARE READING
𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]
Fanfiction- 𝐋𝐞𝐞𝐇𝐞𝐞𝐬𝐞𝐮𝐧𝐠 × 𝐊𝐢𝐦𝐒𝐮𝐧𝐨𝐨 - 𝐘𝐨𝐮 𝐚𝐫𝐞 𝐦𝐲 𝐥𝐨𝐯𝐞 𝐚𝐧𝐝 𝐟𝐨𝐫𝐞𝐯𝐞𝐫 𝐰𝐚𝐫𝐦𝐭𝐡. 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐢𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐛𝐨𝐭𝐡 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐚𝐧𝐝 𝐙𝐚𝐰𝐠𝐲𝐢 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐧𝐨𝐭 𝐦𝐲 𝐨𝐰𝐧. 𝐓𝐡𝐢𝐬 𝐢𝐬 �...