- 6 -

440 58 2
                                    

[Unicode]





စတူဒီယိုကိုမသွားတာ တစ်ပတ်လောက်ကြာပြီမလို့ ဂျောင်၀န်းရော အစ်ကိုဆောင်းဟွန်းက စိတ်ပူပြီး ဖုန်းဆက်၍တစ်မျိုး စာပို့၍တစ်ဖုံ ဆက်သွယ်ကြတယ်။ နေမကောင်းလို့မလာနိုင်သေးကြောင်းသာ လိမ်ပြောခဲ့မိတယ်။ အမှန်တကယ်တော့ ‌ကျွန်တော် စတူဒီယိုကိုလွမ်းတယ်။ အစ်ကိုက ကျွန်တော့်အတွက် ပထမဆိုရင် စတူဒီယိုက  ဒုတိယအိမ်လေးပဲ။

အစ်ကိုအိမ်မှာမရှိတဲ့တစ်နေ့မှာ ကျွန်တော်အပြင်ခိုးထွက်မိတယ်။ ကုမ္ပဏီမှာရှိနေမယ့်အစ်ကိုက ကျွန်တော့်ကိုရှာနိုင်မယ်မထင်လို့လေ။ ဒါပေမယ့် နောက်မှသိလိုက်ရတာက အစ်ကိုကစတူဒီယိုကို နေ့တိုင်းသွားပြီး ကျွန်တော်ရောက်လာမလာ အမြဲမေးသည်တဲ့လေ။

အသက်ရှုခွင့်ပါမရအောင် မွန်းကျပ်အောင် ပိတ်ဆို့ထားသလိုခံစားချက်ပါပဲ။

အိမ်ပြန်ရောက်လို့မေးကြည့်တော့လည်း အစ်ကို့ရဲ့ဒေါသတွေနဲ့ပဲ ထပ်ရင်ဆိုင်ရပြန်တယ်။

ထပ်ပြီးမုန်းစရာကောင်းတဲ့ အကြောင်းပြချက်တွေကိုပဲ ထပ်တလဲလဲအော်‌ပြောနေတဲ့အစ်ကို။

ဆက်ပြီးသည်းမခံနိုင်တော့တာမလို့ ကိုယ်လုပ်ချင်တာလုပ်တော့မည်ဖြစ်ကြောင်း ပြန်အော်ပြောမိတော့ အနားသို့တိုးကပ်လာတဲ့အစ်ကို့ကြောင့် ကြောက်ရွံ့စွာနဲ့ အနောက်သို့ဆုတ်လိုက်တယ်။ မျက်တောင်ခတ်ချိန်ပင်မရဘဲ တွန်းချလိုက်တဲ့အစ်ကို့ကြောင့် ကြမ်းပြင်အေးအေးပေါ်ကို ပြုတ်ကျသွားမိတယ်။ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျတဲ့ဒဏ်ကြောင့် နာကျင်လွန်းရတယ်။

အစ်ကို့ဘက်က ဒီလိုမျိုးကိုယ်ထိလက်ရောက် ထပ်လုပ်မယ်မထင်ထားတာကြောင့် ကြောက်လည်းကြောက်တယ်။

ထိုမျှနှင့်မပြီးသေး အင်္ကျီကော်လံကိုတင်းတင်းဆွဲပြီး အကြည့်ချင်းဆုံစေသောအစ်ကို။

အစ်ကို ဘာကြောင့်ဒီလိုတွေလုပ်နေရလဲ ကျွန်တော်မသိဘူး။ ဘာကြောင့် စိတ်‌တိုနေရတာလဲ။

ထပ်ပြီးမေးခဲ့တယ်။ အစ်ကို နဲ့ အလုပ်နဲ့ ဘာကိုရွေးမှာလဲတဲ့။

အစ်ကို့ကိုပဲ ရွေးချယ်တယ်။

ကျွန်တော် အစ်ကို့ကိုအရမ်းချစ်တာကြောင့်...။







To be continued...







[Zawgyi]





စတူဒီယိုကိုမသြားတာ တစ္ပတ္ေလာက္ၾကာၿပီမလို႔ ေဂ်ာင္၀န္းေရာ အစ္ကိုေဆာင္းဟြန္းက စိတ္ပူၿပီး ဖုန္းဆက္၍တစ္မ်ိဳး စာပို႔၍တစ္ဖုံ ဆက္သြယ္ၾကတယ္။ ေနမေကာင္းလို႔မလာနိုင္ေသးေၾကာင္းသာ လိမ္ေျပာခဲ့မိတယ္။ အမွန္တကယ္ေတာ့ ကြၽန္ေတာ္ စတူဒီယိုကိုလြမ္းတယ္။ အစ္ကိုက ကြၽန္ေတာ့္အတြက္ ပထမဆိုရင္ စတူဒီယိုက  ဒုတိယအိမ္ေလးပဲ။

အစ္ကိုအိမ္မွာမရွိတဲ့တစ္ေန႕မွာ ကြၽန္ေတာ္အျပင္ခိုးထြက္မိတယ္။ ကုမၸဏီမွာရွိေနမယ့္အစ္ကိုက ကြၽန္ေတာ့္ကိုရွာနိုင္မယ္မထင္လို႔ေလ။ ဒါေပမယ့္ ေနာက္မွသိလိုက္ရတာက အစ္ကိုကစတူဒီယိုကို ေန႕တိုင္းသြားၿပီး ကြၽန္ေတာ္ေရာက္လာမလာ အၿမဲေမးသည္တဲ့ေလ။

အသက္ရႈခြင့္ပါမရေအာင္ မြန္းက်ပ္ေအာင္ ပိတ္ဆို႔ထားသလိုခံစားခ်က္ပါပဲ။

အိမ္ျပန္ေရာက္လို႔ေမးၾကည့္ေတာ့လည္း အစ္ကို႔ရဲ႕ေဒါသေတြနဲ႕ပဲ ထပ္ရင္ဆိုင္ရျပန္တယ္။

ထပ္ၿပီးမုန္းစရာေကာင္းတဲ့ အေၾကာင္းျပခ်က္ေတြကိုပဲ ထပ္တလဲလဲေအာ္ေျပာေနတဲ့အစ္ကို။

ဆက္ၿပီးသည္းမခံနိုင္ေတာ့တာမလို႔ ကိုယ္လုပ္ခ်င္တာလုပ္ေတာ့မည္ျဖစ္ေၾကာင္း ျပန္ေအာ္ေျပာမိေတာ့ အနားသို႔တိုးကပ္လာတဲ့အစ္ကို႔ေၾကာင့္ ေၾကာက္႐ြံ႕စြာနဲ႕ အေနာက္သို႔ဆုတ္လိုက္တယ္။ မ်က္ေတာင္ခတ္ခ်ိန္ပင္မရဘဲ တြန္းခ်လိဳက္တဲ့အစ္ကို႔ေၾကာင့္ ၾကမ္းျပင္ေအးေအးေပၚကို ျပဳတ္က်သြားမိတယ္။ အရွိန္ျပင္းျပင္းနဲ႕ ျပဳတ္က်တဲ့ဒဏ္ေၾကာင့္ နာက်င္လြန္းရတယ္။

အစ္ကို႔ဘက္က ဒီလိုမ်ိဳးကိုယ္ထိလက္ေရာက္ ထပ္လုပ္မယ္မထင္ထားတာေၾကာင့္ ေၾကာက္လည္းေၾကာက္တယ္။

ထိုမွ်ႏွင့္မၿပီးေသး အကၤ်ီေကာ္လံကိုတင္းတင္းဆြဲၿပီး အၾကည့္ခ်င္းဆုံေစေသာအစ္ကို။

အစ္ကို ဘာေၾကာင့္ဒီလိုေတြလုပ္ေနရလဲ ကြၽန္ေတာ္မသိဘူး။ ဘာေၾကာင့္ စိတ္တိုေနရတာလဲ။

ထပ္ၿပီးေမးခဲ့တယ္။ အစ္ကို နဲ႕ အလုပ္နဲ႕ ဘာကိုေ႐ြးမွာလဲတဲ့။

အစ္ကို႔ကိုပဲ ေ႐ြးခ်ယ္တယ္။

ကြၽန္ေတာ္ အစ္ကို႔ကိုအရမ္းခ်စ္တာေၾကာင့္...။







To be continued...








𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now