- 7 -

433 57 2
                                    

[Unicode]





အဲဒီ့နေ့ပြီးတည်းက ကျွန်တော့်ဘက်က အစ်ကို့ကို စကားလုံး၀မပြောခဲ့ဘူး။ ဒီတစ်ခါတော့ ကျွန်တော် အလွယ်တကူ ခွင့်လွှတ်မပေးနိုင်တော့ဘူး။ အစ်ကို့ဘက်ကလည်း တောင်းပန်စကားတစ်ခွန်းတလေတောင် မပြောဘူးလေ။

သူငယ်ချင်းတွေနဲ့လည်း ဘာမှမဆက်သွယ်နိုင်ဘဲ အစ်ကိုအလုပ်သွားနေတဲ့အချိန်ဆို အခန်းထဲမှာပဲနေဖြစ်တယ်။ အများအားဖြင့် ထိုင်နေလိုက်၊ အိပ်လိုက်ပါပဲ။

အစ်ကိုက ကျွန်တော့်အတွက် ပျော်ရွှင်မှုလေးဆိုပေမယ့် ကျွန်တော့်၀မ်းနည်းမှုကလည်း အစ်ကို့ဆီကပဲဖြစ်လာရတာပဲ။ ကိုယ်တိုင်လည်းသိနေပေမယ့် ငြင်းဆန်ချင်ပါသေးတယ်။ အခုအချိန်မှာ ကျွန်တော်ဘာမှမတွေးချင်သေးဘူး။

အစ်ကိုညဘက်အိမ်ပြန်ရောက်မှသာ နှစ်ယောက်သားတွေ့ဖြစ်တော့တယ်။ အိပ်တော့လည်း ကျွန်တော့်ဘက်က သွားကပ်ခြင်းမရှိသလို အစ်ကို့ဘက်ကလည်း ပွေ့ဖက်ခြင်းမပြုနိုင်အောင် အေးစက်လွန်းလှတယ်။

ဒါပေမယ့် တစ်နေ့နေ့မှာအဆင်ပြေလာမယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်။

ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ချစ်ကြတာပဲမလား အီဟီဆွန်း။

ကျွန်တော်ကလည်း အစ်ကို့ကိုချစ်သလို အစ်ကိုကလည်း ကျွန်တော့်ကိုချစ်တယ်လေ...။







To be continued...






[Zawgyi]






အဲဒီ့ေန႕ၿပီးတည္းက ကြၽန္ေတာ့္ဘက္က အစ္ကို႔ကို စကားလုံး၀မေျပာခဲ့ဘူး။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ အလြယ္တကူ ခြင့္လႊတ္မေပးနိုင္ေတာ့ဘူး။ အစ္ကို႔ဘက္ကလည္း ေတာင္းပန္စကားတစ္ခြန္းတေလေတာင္ မေျပာဘူးေလ။

သူငယ္ခ်င္းေတြနဲ႕လည္း ဘာမွမဆက္သြယ္နိုင္ဘဲ အစ္ကိုအလုပ္သြားေနတဲ့အခ်ိန္ဆို အခန္းထဲမွာပဲေနျဖစ္တယ္။ အမ်ားအားျဖင့္ ထိုင္ေနလိုက္၊ အိပ္လိုက္ပါပဲ။

အစ္ကိုက ကြၽန္ေတာ့္အတြက္ ေပ်ာ္႐ႊင္မႈေလးဆိုေပမယ့္ ကြၽန္ေတာ့္၀မ္းနည္းမႈကလည္း အစ္ကို႔ဆီကပဲျဖစ္လာရတာပဲ။ ကိုယ္တိုင္လည္းသိေနေပမယ့္ ျငင္းဆန္ခ်င္ပါေသးတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ဘာမွမေတြးခ်င္ေသးဘူး။

အစ္ကိုညဘက္အိမ္ျပန္ေရာက္မွသာ ႏွစ္ေယာက္သားေတြ႕ျဖစ္ေတာ့တယ္။ အိပ္ေတာ့လည္း ကြၽန္ေတာ့္ဘက္က သြားကပ္ျခင္းမရွိသလို အစ္ကို႔ဘက္ကလည္း ေပြ႕ဖက္ျခင္းမျပဳနိုင္ေအာင္ ေအးစက္လြန္းလွတယ္။

ဒါေပမယ့္ တစ္ေန႕ေန႕မွာအဆင္ေျပလာမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ေနပါတယ္။

ကြၽန္ေတာ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ၾကတာပဲမလား အီဟီဆြန္း။

ကြၽန္ေတာ္ကလည္း အစ္ကို႔ကိုခ်စ္သလို အစ္ကိုကလည္း ကြၽန္ေတာ့္ကိုခ်စ္တယ္ေလ...။







To be continued...









𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now