- 15 -

441 56 0
                                    

[Unicode]








အိမ်ထဲမှာပဲ ကျွန်တော်ထပ်ပိတ်မိပြန်ပြီ။ တစ်ချိန်ကခံစားခဲ့ရဖူးတဲ့ အချစ်တွေ၊ အကြင်နာတွေဆိုတာ အခုချိန်မှာ ဘာမှန်းတောင်မခံစားတတ်တော့ဘူး။ နာကျင်မှုနဲ့ ၀မ်းနည်းမှုကလွဲ ဘာမှမသိတော့ဘူး။

အခန်းထဲကို၀င်လာတဲ့ခြေသံတို့ကြောင့် အစ်ကိုပြန်ရောက်လာတာ တွေ့လိုက်ရတယ်။ ပြုံးပြရင်း အနားသို့ကပ်ကာ စတင်နမ်းရှိုက်လာတဲ့အစ်ကို့ကို အလိုက်သင့်သာ ပြန်တုံ့ပြန်ပေးခဲ့တယ်။ နှုတ်ခမ်းတို့ကနေ အောက်အနည်းငယ်ကိုဆင်းရင်း လည်တိုင်ကိုနမ်းကာ အင်္ကျီကြယ်သီးတို့ကိုဖြုတ်လာသော်လည်း ရပ်တန့်ဖို့မတားမြစ်မိ။ ဖြူလွှလွှရင်ဘတ်အစုံကို ထပ်မံထိတွေ့လာသော စိုစွတ်သည့်နှုတ်ခမ်းပါးတစ်စုံက ခဏအကြာမှာတော့ ရပ်တန့်သွားခဲ့တယ်။

အစ်ကို့ကိုကြည့်မိတော့ ကျွန်တော့်ရဲ့လက်မောင်းပေါ်က ဒဏ်ရာတွေကိုစူးစိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။

အစ်ကို့ရဲ့ပုံစံက အရမ်းကိုထိတ်လန့်သွားပြီး မယုံကြည်နိုင်ဖြစ်နေတယ်။ အဆက်မပြတ်ကျဆင်းလာတဲ့မျက်ရည်တွေနဲ့အတူ အစ်ကိုကငိုကြွေးနေတယ်။

ကျွန်တော် နားမလည်နိုင်ဘူး။

အစ်ကို ၀မ်းနည်းနေတာလား။

အရာအားလုံးအတွက် နောင်တရနေပြီလား။

ဒီတစ်ကြိမ်မှာတော့ အစ်ကို့ဘက်က မရေမတွက်နိုင်အောင် တောင်းပန်စကားကို တဖွဖွပြောလာတယ်။ ထပ်ပြီးမနာကျင်စေတော့ပါဘူးလို့ အစ်ကိုကပြောပြီးငိုတယ်။ အစ်ကို့‌ကို နောက်ထပ်မယုံကြည်ပေးနိုင်တော့တာမလို့ ကျွန်တော်ဘာမှပြန်‌မပြောခဲ့ဘူး။ ဒါပေမယ့် အစ်ကိုနဲ့အတူ ကျွန်တော်လည်းပဲ ငိုနေတာကိုမရပ်နိုင်တော့ဘူး။

ထပ်မလုပ်တော့ပါဘူးလို့ကတိပေးပြီး ကျွန်တော့်ကိုပွေ့ဖက်လာပေမယ့် အသာပဲငြိမ်နေမိတယ်။

ကျွန်တော် အရမ်းနာကျင်ရတယ် အစ်ကို။

ထပ်မယုံကြည်ရဲပေမယ့် ဒီညအစ်ကို့ရဲ့ပုံစံကြောင့် ​မျှော်လင့်ချက်နည်းနည်းထားလိုက်မိတယ်။

𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now