- 3 -

541 61 0
                                    

[Unicode]



ဒီနေ့ ပထမဆုံးအနေနဲ့ အစ်ကို့ကိုလိမ်ညာခဲ့မိတယ်။ အပြစ်ရှိသလိုခံစားရပေမယ့် ဒီလိုမှမလိမ်ရင် ကျွန်တော်တို့ရဲ့လက်ရှိဆက်ဆံရေးကို ထိခိုက်မိမှာစိုးလို့ပါ။ အစ်ကိုက ကျွန်တော့်ကိုအလုပ်ဆက်မလုပ်စေချင်တော့ဘူးလေ။

အစ်ကိုကိုယ်တိုင်ပါးစပ်ကထုတ်မပြောပေမယ့် အပြုအမူ၊ အပြောအဆိုတွေအရ အစ်ကိုဆောင်းဟွန်းနဲ့အတူရှိနေတာကို မကြိုက်တာ၊ ကျွန်တော် စတူဒီယိုကိုသွားတာကိုမကြိုက်တာတွေက အထင်းသားပေါ်လာတယ်။ ဒါတော့ ကျွန်တော် မစွန့်လွှတ်နိုင်ဘူး အစ်ကို။ ဒီနေရာက ကျွန်တော့်အတွက် ပြောမပြတတ်အောင်အဖိုးတန်တာမလို့ လွယ်လွယ်နဲ့ထွက်မသွားနိုင်ဘူး။

ကုန်တိုက်ကိုသွားပြီး အ၀တ်အစား၀ယ်ဖို့ဆိုပြီး အစ်ကို့ကိုလိမ်ပြောခဲ့တယ်။ တကယ်လည်း ၀ယ်ဖို့သွား‌တာတော့မှန်ပေမယ့် ဂျောင်၀န်းနဲ့အစ်ကိုဆောင်းဟွန်းပါတာကိုတော့ မပြောခဲ့တော့ဘူး။ ကျွန်တော်အခင်ရဆုံးသူငယ်ချင်းတွေမလို့ သူတို့ကိုတော့ လျစ်လျူမရှုထားနိုင်ဘူး အစ်ကို။

ကုန်တိုက်မှာ၀ယ်နေတဲ့အချိန်အတောအတွင်းလည်း စိတ်ထဲမလုံခြုံသလိုခံစားနေရတယ်။ အစ်ကိုများမြင်သွားမလားဆိုပြီး ကျွန်တော်ထိတ်လန့်နေမိတယ်။ ကျွန်တော့်ပုံစံမူမမှန်နေတာကို ဂျောင်၀န်းတို့တောင်သတိထားမိကြတယ်။ အစ်ကိုနဲ့ကျွန်တော်အဆင်ပြေရဲ့လားလို့ မေးကြတော့ အကုန်အဆင်ပြေပါတယ်လို့ ပြန်ဖြေလိုက်တယ်။ ဟုတ်တယ်မလား အစ်ကို။

ဒါပေါ့၊ အဆင်ပြေပါတယ်။

ကျွန်တော်ကလည်း အစ်ကို့ကိုချစ်တယ်။ အစ်ကိုကလည်း ကျွန်တော့်ကိုချစ်တယ်။

အရာအားလုံး အဆင်ပြေပါတယ်...။



To be continued...






[Zawgyi]


ဒီေန႕ ပထမဆုံးအေနနဲ႕ အစ္ကို႔ကိုလိမ္ညာခဲ့မိတယ္။ အျပစ္ရွိသလိုခံစားရေပမယ့္ ဒီလိုမွမလိမ္ရင္ ကြၽန္ေတာ္တို႔ရဲ႕လက္ရွိဆက္ဆံေရးကို ထိခိုက္မိမွာစိုးလို႔ပါ။ အစ္ကိုက ကြၽန္ေတာ့္ကိုအလုပ္ဆက္မလုပ္ေစခ်င္ေတာ့ဘူးေလ။

အစ္ကိုကိုယ္တိုင္ပါးစပ္ကထုတ္မေျပာေပမယ့္ အျပဳအမူ၊ အေျပာအဆိုေတြအရ အစ္ကိုေဆာင္းဟြန္းနဲ႕အတူရွိေနတာကို မႀကိဳက္တာ၊ ကြၽန္ေတာ္ စတူဒီယိုကိုသြားတာကိုမႀကိဳက္တာေတြက အထင္းသားေပၚလာတယ္။ ဒါေတာ့ ကြၽန္ေတာ္ မစြန႔္လႊတ္နိုင္ဘူး အစ္ကို။ ဒီေနရာက ကြၽန္ေတာ့္အတြက္ ေျပာမျပတတ္ေအာင္အဖိုးတန္တာမလို႔ လြယ္လြယ္နဲ႕ထြက္မသြားနိုင္ဘူး။

ကုန္တိုက္ကိုသြားၿပီး အ၀တ္အစား၀ယ္ဖို႔ဆိုၿပီး အစ္ကို႔ကိုလိမ္ေျပာခဲ့တယ္။ တကယ္လည္း ၀ယ်ဖို့သွားတာေတာ့မွန္ေပမယ့္ ေဂ်ာင္၀န္းနဲ႕အစ္ကိုေဆာင္းဟြန္းပါတာကိုေတာ့ မေျပာခဲ့ေတာ့ဘူး။ ကြၽန္ေတာ္အခင္ရဆုံးသူငယ္ခ်င္းေတြမလို႔ သူတို႔ကိုေတာ့ လ်စ္လ်ဴမရႈထားနိုင္ဘူး အစ္ကို။

ကုန္တိုက္မွာ၀ယ္ေနတဲ့အခ်ိန္အေတာအတြင္းလည္း စိတ္ထဲမလုံၿခဳံသလိုခံစားေနရတယ္။ အစ္ကိုမ်ားျမင္သြားမလားဆိုၿပီး ကြၽန္ေတာ္ထိတ္လန႔္ေနမိတယ္။ ကြၽန္ေတာ့္ပုံစံမူမမွန္ေနတာကို ေဂ်ာင္၀န္းတို႔ေတာင္သတိထားမိၾကတယ္။ အစ္ကိုနဲ႕ကြၽန္ေတာ္အဆင္ေျပရဲ႕လားလို႔ ေမးၾကေတာ့ အကုန္အဆင္ေျပပါတယ္လို႔ ျပန္ေျဖလိုက္တယ္။ ဟုတ္တယ္မလား အစ္ကို။

ဒါေပါ့၊ အဆင္ေျပပါတယ္။

ကြၽန္ေတာ္ကလည္း အစ္ကို႔ကိုခ်စ္တယ္။ အစ္ကိုကလည္း ကြၽန္ေတာ့္ကိုခ်စ္တယ္။

အရာအားလုံး အဆင္ေျပပါတယ္...။



To be continued...







𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now