- 5 -

443 60 0
                                    

[Unicode]




ကျွန်တော်နဲ့အစ်ကို့အခြေအနေက တဖြည်းဖြည်းပြန်အဆင်ပြေလာပြီလို့ ထင်တယ်။ အဲဒီ့‌နေ့ညကကိစ္စဖြစ်ပြီးတည်းက အစ်ကိုကအများကြီးပိုဂရုစိုက်လာတယ်။ ‌ဂျောင်၀န်းနဲ့အစ်ကိုဆောင်းဟွန်းတို့ကိုလည်း မနှစ်မြို့ဟန်မပြဘဲ ဘာမှမပြောတော့ဘူး။ ကျွန်တော် ပြန်ပြီးပျော်ရွှင်လာရတယ်။ အစ်ကိုက ကျွန်တော့်အတွက် ပျော်ရွှင်မှုပေးတဲ့ အရင်းအမြစ်လေးတစ်ခုပါပဲ။

ဒါပေမယ့် ကျွန်တော့်အတွေးသက်သက်ပဲဖြစ်နေခဲ့တယ်။ အစ်ကို့ဘက်က မပြောင်းလဲခဲ့ပါဘူး။ အကြောင်းပြချက်က နောက်ထပ်ဖြေဖျော်မှုတစ်ခုမှာ အစ်ကိုဆောင်းဟွန်းနဲ့အတူဖျော်ဖြေရမှာကြောင့်ပဲ။

အစ်ကို့ဘက်က ဒီအလုပ်ကိုထွက်ပါလို့မပြောခဲ့ဘူးလားဆိုပြီး ဒေါသထွက်လာတယ်။ ကျွန်တော်သိခဲ့တဲ့ပုံစံမဟုတ်တဲ့ အစ်ကို့ကိုထပ်မြင်လိုက်ရတယ်။ ကြောက်စရာကောင်းလွန်းလို့ ဘာစကားမှပြောမထွက်ရဲအောင်ပါပဲ။

ထပ်ပြီးစကားမများချင်တော့တာကြောင့် ကျွန်တော်အလုပ်ကထွက်ဖို့ပြောလိုက်တယ်။

အချစ်ဆိုတာ ပေးဆပ်ရတာလည်းရှိသည်မလား။

အစ်ကိုပျော်ရွှင်ဖို့၊ ကျွန်တော်တို့ပျော်ရွှင်ဖို့ ဘာမဆို ကျွန်တော်လုပ်နိုင်တယ်။ ကျွန်တော်အချစ်ရဆုံးအလုပ်ကိုတောင်ဖယ်ပြီး အစ်ကို့ကိုရွေးချယ်နိုင်ပါတယ်။

ကျွန်တော် အစ်ကို့ကို အရမ်းချစ်တာကြောင့်...။





To be continued...












[Zawgyi]














To be continued...

















𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now