- 4 -

487 67 5
                                    

[Unicode]



အရင်နေ့တွေကလိုပဲ အိမ်ကိုကြိုပြန်ရောက်နှင့်နေပြီဖြစ်တဲ့ အစ်ကို့ပုံစံက ငြိမ်သက်နေတုန်းပဲ။ ၀ယ်လာတဲ့ပစ္စည်းတွေကိုပြတော့ အစ်ကိုကပြုံးရယ်ပြခြင်းမရှိသည့်အပြင် စိတ်၀င်စားပုံလည်းမရ။ တစ်ချိန်ကဆို ကျွန်တော်၀ယ်လာသမျှကို ဂရုတစိုက်ကြည့်ရင်း ကျွန်တော်၀တ်သမျှ ဘယ်လိုလှကြောင်းပြောတတ်လွန်းတဲ့ အစ်ကိုပါ။ အခုချိန်မှာတော့ ဤသည်တို့နှင့်မတူစွာ ဒေါသထွက်နေတဲ့ပုံစံကိုသာ မြင်နေရတယ်။

အစ်ကို့ရဲ့တစ်နေ့တခြားမတူညီလွန်းတဲ့ ပုံစံတွေကို ကျွန်တော်ကြောက်မိတယ်။ သတိပြုမိပေမယ့် လျစ်လျူရှုပစ်ချင်တယ်။ ဘာမှမဖြစ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ချင်တယ်။ အရာအားလုံးပြီးသွားမှာပါလို့ထင်ပေမယ့် မဟုတ်ခဲ့ပြန်ဘူး။ ပိုပြီးသာ ဆိုးလာတဲ့အခြေအနေတွေကို ကြုံတွေ့ရတယ်။

မျက်၀န်းတွေထိပါထင်ဟပ်တဲ့ အစ်ကို့ရဲ့ တောက်ပတဲ့အပြုံးတွေကို မမြင်ရ‌တော့ဘူး။ အဲဒီ့အစား မှောင်မည်းလွန်းတဲ့ အရိပ်မည်းလို မျက်နှာအမူအရာ‌ကိုသာ မြင်နေရတယ်။

အစ်ကို့ပါးစပ်ကနေ ပထမဆုံးထွက်လာတဲ့ ဖောက်ပြန်နေတာလားဆိုတဲ့ စကားအဆုံးမှာ ကျွန်တော့်ရင်ထဲနာကျင်ရလိုက်တာ။ အစ်ကို့တစ်မျက်နှာတည်းကိုပဲကြည့်ပြီး ချစ်နေမိတဲ့ ကျွန်တော့်ကို ဘယ်လိုတောင်တွေးနိုင်ရက်ရတာလဲ။

အစ်ကို့ယုံကြည်မှုတွေ တစ်စတစ်စကွယ်ပျောက်လာတာကိုသိရတော့ ရင်တွေကွဲမတတ်ပါပဲ။

စွပ်စွဲသမျှအားလုံးကို ငြင်းဆိုပြီး အစ်ကို့ကိုသာချစ်ကြောင်း တဖွဖွပြောနေပေမယ့် ယုံကြည်သည့်ပုံပေါ်‌မနေသည့်အစ်ကို။ ဘယ်ကဘယ်လိုစမှားယွင်းနေလည်း မသိပေမယ့် သိလည်းမသိချင်တော့။ ပိုမိုတင်းမာလာသည့် အ‌ခြေအနေကြားထဲ စကားပြောသံတို့ကလည်း ပို၍ကျယ်လောင်လာသည်။ ရန်ဖြစ်ရင်စကားသံတွေကျယ်လာကြတာ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း ဝေးသွားကြလို့တဲ့။ ကျွန်တော်တို့ အဲဒီ့လိုဖြစ်လို့မရဘူးလေနော် အစ်ကို။

ဆက်ပြီးတော့ ဂျောင်၀န်းတို့နဲ့အပြင်သွားတာ ဘာကြောင့်မပြောရသည်ကို အစ်ကိုကထုတ်မေးလာခဲ့တယ်။

𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now