- 2 -

624 70 0
                                    

[Unicode]


လေ့ကျင့်ရမယ့်သင်ခန်းစာအကုန်ပြီးတော့ ဂျောင်၀န်းရယ် အစ်ကိုဆောင်ဟွန်းရယ်နဲ့ အပြင်တူတူသွားခဲ့တယ်။ အချိုအရမ်းစားချင်နေကြတာမလို့ ကိတ်မုန့်ဆိုင်လေးထဲ၀င်ပြီး သုံးယောက်သားတူတူစားသောက်ခဲ့ကြတယ်။

အိမ်ပြန်ရောက်တော့ အစ်ကိုကပြန်ရောက်နှင့်နေပြီဖြစ်တယ်။ ဘာတွေလုပ်ခဲ့လဲလို့မေးတော့ ဒီနေ့ဖြစ်ခဲ့သမျှအရာအားလုံး၊ လေ့ကျင့်ခဲ့တာတွေရော ဂျောင်၀န်းတို့နဲ့မုန့်ထွက်စားတာအထိ တစ်ခုမကျန် အကုန်ပြောပြလိုက်တယ်။ ဂျောင်၀န်းတို့နာမည်ကြားတာနဲ့ တည်တင်းသွားတဲ့ အစ်ကို့မျက်နှာထားကို ကျွန်တော်သတိပြုလိုက်မိတယ်။ ဖုံးကွယ်နေဖို့ကြိုးစားပေမယ့် အစ်ကို့အကြောင်းကိုအသိဆုံးမို့ ကျွန်တော့်ကိုဟန်ဆောင်လို့မရဘူး။

ဒီလိုနဲ့ ညစာကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ စားလိုက်ကြရတယ်။ အကြောင်းအရင်းကိုမေးသော်လည်း အစ်ကို့ဘက်ကဘာမှပြန်မပြောလာသေး။ အစ်ကိုဒေါသထွက်နေမှန်းသိသည့်အချိန်မျိုးတွေ၊ စကားမပြောသည့်အချိန်မျိုးတွေကို ကျွန်တော်အရမ်းမုန်းတယ်။ အစ်ကို့ကိုချစ်တာမလို့ အစ်ကိုမကြိုက်တာပြင်ပေးဖို့ ကျွန်တော်ကအသင့်ပဲလေ။

အစ်ကို့အတွက်ဆို ကျွန်တော်ဘာမဆိုလုပ်နိုင်တယ်။ အစ်ကိုလည်း ကျွန်တော်နဲ့ထပ်တူပဲဆိုတာ ယုံကြည်တယ်။

အချိန်ခဏအကြာ ထပ်မေးပြန်တော့လည်း အစ်ကို့ဘက်က လျစ်လျူရှုနေမြဲဖြစ်တယ်။ ကျွန်တော်ဘာများမှားမိလို့လဲ။

ကျွန်တော့်ကိုပြောပြပေးပါ အစ်ကိုဟီဆွန်း။

ညအိပ်တော့လည်း ပွေ့ဖက်နေကျလက်အစုံနဲ့
ဆန့်ကျင်စွာ ကျောခိုင်း‌အိပ်သောအစ်ကိုကြောင့် နွေးထွေးနေကျအရိပ်အငွေ့က အေးစက်နေတော့တယ်။

ကျွန်တော် အရမ်းငိုချင်တာပဲ အစ်ကိုရယ်...။


To be continued...





[Zawgyi]



ေလ့က်င့္ရမယ့္သင္ခန္းစာအကုန္ၿပီးေတာ့ ေဂ်ာင္၀န္းရယ္ အစ္ကိုေဆာင္ဟြန္းရယ္နဲ႕ အျပင္တူတူသြားခဲ့တယ္။ အခ်ိဳအရမ္းစားခ်င္ေနၾကတာမလို႔ ကိတ္မုန႔္ဆိုင္ေလးထဲ၀င္ၿပီး သုံးေယာက္သားတူတူစားေသာက္ခဲ့ၾကတယ္။

အိမ္ျပန္ေရာက္ေတာ့ အစ္ကိုကျပန္ေရာက္ႏွင့္ေနၿပီျဖစ္တယ္။ ဘာေတြလုပ္ခဲ့လဲလို႔ေမးေတာ့ ဒီေန႕ျဖစ္ခဲ့သမွ်အရာအားလုံး၊ ေလ့က်င့္ခဲ့တာေတြေရာ ေဂ်ာင္၀န္းတို႔နဲ႕မုန႔္ထြက္စားတာအထိ တစ္ခုမက်န္ အကုန္ေျပာျပလိုက္တယ္။ ေဂ်ာင္၀န္းတို႔နာမည္ၾကားတာနဲ႕ တည္တင္းသြားတဲ့ အစ္ကို႔မ်က္ႏွာထားကို ကြၽန္ေတာ္သတိျပဳလိုက္မိတယ္။ ဖုံးကြယ္ေနဖို႔ႀကိဳးစားေပမယ့္ အစ္ကို႔အေၾကာင္းကိုအသိဆုံးမို႔ ကြၽန္ေတာ့္ကိုဟန္ေဆာင္လို႔မရဘူး။

ဒီလိုနဲ႕ ညစာကို တိတ္တိတ္ဆိတ္ဆိတ္နဲ႕ပဲ စားလိုက္ၾကရတယ္။ အေၾကာင္းအရင္းကိုေမးေသာ္လည္း အစ္ကို႔ဘက္ကဘာမွျပန္မေျပာလာေသး။ အစ္ကိုေဒါသထြက္ေနမွန္းသိသည့္အခ်ိန္မ်ိဳးေတြ၊ စကားမေျပာသည့္အခ်ိန္မ်ိဳးေတြကို ကြၽန္ေတာ္အရမ္းမုန္းတယ္။ အစ္ကို႔ကိုခ်စ္တာမလို႔ အစ္ကိုမႀကိဳက္တာျပင္ေပးဖို႔ ကြၽန္ေတာ္ကအသင့္ပဲေလ။

အစ္ကို႔အတြက္ဆို ကြၽန္ေတာ္ဘာမဆိုလုပ္နိုင္တယ္။ အစ္ကိုလည္း ကြၽန္ေတာ္နဲ႕ထပ္တူပဲဆိုတာ ယုံၾကည္တယ္။

အခ်ိန္ခဏအၾကာ ထပ္ေမးျပန္ေတာ့လည္း အစ္ကို႔ဘက္က လ်စ္လ်ဴရႈေနၿမဲျဖစ္တယ္။ ကြၽန္ေတာ္ဘာမ်ားမွားမိလို႔လဲ။

ကြၽန္ေတာ့္ကိုေျပာျပေပးပါ အစ္ကိုဟီဆြန္း။

ညအိပ္ေတာ့လည္း ေပြ႕ဖက္ေနက်လက္အစုံနဲ႕
ဆန႔္က်င္စြာ ေက်ာခိုင္းအိပ္ေသာအစ္ကိုေၾကာင့္ ႏြေးေထြးေနက်အရိပ္အေငြ႕က ေအးစက္ေနေတာ့တယ္။

ကြၽန္ေတာ္ အရမ္းငိုခ်င္တာပဲ အစ္ကိုရယ္...။



To be continued...
















𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now