- 9 -

426 56 0
                                    

[Unicode]



နောက်နေ့မနက်မှာတော့ ဆိုဖာပေါ်မှာပဲအိပ်ရင်း နိုးလာခဲ့တယ်။ မနေ့ညကဖြစ်ရပ်ပြီးတည်းက အစ်ကို့ဘေးနားမှာ မအိပ်ချင်တော့ဘူး။ နာကျင်စေတဲ့အစ်ကို့ထက် သေချာမတားမြစ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပိုဒေါသထွက်မိတယ်။ ချစ်သူရည်းစားတွေဆိုပေမယ့် ဒီလိုမျိုးကတော့ မဟုတ်သေးဘူးလေ။

ညရောက်တော့ ဆိုဖာပေါ်မှာဘာကြောင့်အိပ်ရကြောင်း အစ်ကို့ဘက်ကမေးလာခဲ့တယ်။ ငိုချင်ရက်လက်တို့ဆိုသလို အစ်ကိုလုပ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြောရင်း ကျွန်တော်ငိုမိတယ်။ ဒီရက်တွေအတွင်း မစားနိုင်၊ မအိပ်နိုင်နဲ့ ကျွန်တော်အရမ်းပင်ပန်းခဲ့ရတယ်။

ကျွန်တော်ငိုတော့ အစ်ကို့ဘက်ကစတင်ပွေ့ဖက်လာပြီး သူလည်းငိုတယ်။ သူလုပ်ခဲ့မိတာတွေထပ်တောင်းပန်ပြီး တင်းကျပ်စွာပွေ့ဖက်ထားခဲ့တယ်။ ကျွန်တော်လည်း အရူးတစ်ယောက်လိုမျိုး ထပ်ပြီးခွင့်လွှတ်ပေးမိပြန်တယ်။ ကျွန်တော်တို့ ပျော်ရွှင်နိုင်ဦးမလားလို့လေ။ ကျွန်တော်တစ်ခုပဲတောင်းဆိုခဲ့တယ်။

" ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီလိုထပ်မလုပ်ပါနဲ့... "

အစ်ကို့ဘက်ကကတိပေးပြီး ကျွန်တော့်ကိုရင်ခွင်ထဲထည့်ထားပေးခဲ့တယ်။ ဒီတစ်ခါတော့ကျွန်တော်လည်း ပြန်ပွေ့ဖက်ထားမိတယ်။

ဟုတ်တယ်၊ ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ...။







To be continued...








[Zawgyi]




ေနာက္ေန႕မနက္မွာေတာ့ ဆိုဖာေပၚမွာပဲအိပ္ရင္း နိုးလာခဲ့တယ္။ မေန႕ညကျဖစ္ရပ္ၿပီးတည္းက အစ္ကို႔ေဘးနားမွာ မအိပ္ခ်င္ေတာ့ဘူး။ နာက်င္ေစတဲ့အစ္ကို႔ထက္ ေသခ်ာမတားျမစ္နိုင္ခဲ့တဲ့ ကိုယ့္ကိုယ္ကိုယ္ ပိုေဒါသထြက္မိတယ္။ ခ်စ္သူရည္းစားေတြဆိုေပမယ့္ ဒီလိုမ်ိဳးကေတာ့ မဟုတ္ေသးဘူးေလ။

ညေရာက္ေတာ့ ဆိုဖာေပၚမွာဘာေၾကာင့္အိပ္ရေၾကာင္း အစ္ကို႔ဘက္ကေမးလာခဲ့တယ္။ ငိုခ်င္ရက္လက္တို႔ဆိုသလို အစ္ကိုလုပ္ခဲ့တဲ့ကိစၥေတြကို ျပန္ေျပာရင္း ကြၽန္ေတာ္ငိုမိတယ္။ ဒီရက္ေတြအတြင္း မစားနိုင္၊ မအိပ္နိုင္နဲ႕ ကြၽန္ေတာ္အရမ္းပင္ပန္းခဲ့ရတယ္။

ကြၽန္ေတာ္ငိုေတာ့ အစ္ကို႔ဘက္ကစတင္ေပြ႕ဖက္လာၿပီး သူလည္းငိုတယ္။ သူလုပ္ခဲ့မိတာေတြထပ္ေတာင္းပန္ၿပီး တင္းက်ပ္စြာေပြ႕ဖက္ထားခဲ့တယ္။ ကြၽန္ေတာ္လည္း အ႐ူးတစ္ေယာက္လိုမ်ိဳး ထပ္ၿပီးခြင့္လႊတ္ေပးမိျပန္တယ္။ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္နိုင္ဦးမလားလို႔ေလ။ ကြၽန္ေတာ္တစ္ခုပဲေတာင္းဆိုခဲ့တယ္။

" ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ဒီလိုထပ္မလုပ္ပါနဲ႕... "

အစ္ကို႔ဘက္ကကတိေပးၿပီး ကြၽန္ေတာ့္ကိုရင္ခြင္ထဲထည့္ထားေပးခဲ့တယ္။ ဒီတစ္ခါေတာ့ကြၽန္ေတာ္လည္း ျပန္ေပြ႕ဖက္ထားမိတယ္။

ဟုတ္တယ္၊ ကြၽန္ေတာ္တို႔က တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကတာ...။






To be continued...















𝐆𝐮𝐢𝐥𝐭𝐲 𝐋𝐨𝐯𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now