Our destiny (Part 2)

67 7 0
                                    

Unicode

" ဟေ့ ဟေ့ ခဏနေဦးလေ "

လှစ်ခနဲထီးအောက်ကနေပြန်ပြေးထွက်သွားတဲ့ သူကိုလှမ်းအော်ပေမယ့် တစ်စက်ကလေးမှပြန်လှည့်မကြည့်သွားတဲ့သူ။

" ဪ ဒုက္ခပါပဲ။ဒီလောက်မိုးတွေရွာနေတာကို တစ်ကိုယ်လုံးအစိုကြီးနဲ့ ဘယ်လိုနေမလဲမသိဘူး။ ဘယ်လိုကောင်မလေးပါလိမ့် "

မိုးစက်ခေါင်းခါရင်း ကျန်ခဲ့တော့တယ်။အတန်းထဲရောက်တော့ ပထမနှစ်ဝက်က ပေါင်းလာတဲ့သူ‌ငယ်ချင်းတွေနားသွားထိုင်ရတယ်။သူတို့က ဒီကျောင်းရောက်မှခင်‌ပေမယ့် တော်တော်လေးကောင်းကြပါတယ်။
မိုးစက်အပါအဝင်ဆို စုစုပေါင်းလေးယောက်ရှိတယ်။ ငြိမ်းစုစံရယ် မြတ်ဆုသွယ်ရယ် နဒီအောင်ရယ် မိုးစက်နွေရယ်ဆိုပြီးတော့ပေါ့။
မိုးစက်ရဲ့အသိုင်းအဝိုင်းမှန်ကို သူတို့ကိုမပြောပြဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီတိုင်းပဲပေါ့ပေါ့ပါးပါးနေချင်တာကြောင့်ရယ်။ သူငယ်ချင်းတွေကြားထဲမှာ ဘာပကာသနမှမရှိပဲပေါ့။နဒီအောင်ကတော့ ပထမနှစ်ဝက်ကရံဖန်ရံခါလာလာကြိုတတ်တဲ့ ဦးလေးဟန်ကြောင့် ဘယ်သူလဲလို့မေးဖူးတယ်။မိုးစက်ကလည်း ဦးလေးဖြစ်ကြောင်းနဲ့လမ်းကြုံလို့သူ့ကားနဲ့ဝင်ခေါ်ကြောင်းပြောပြထားတယ်။

" ဒီနေ့က စစဖွင့်ချင်းမို့စာအုပ်တွေမဝယ်ရသေးလို့ တီချယ်တွေဝင်ရင်တောင်စာသင်လို့ရမှာမဟုတ်ဘူး။ တစ်ခုခုသွားစားရအောင် ငါဗိုက်ဆာနေလို့။ဘာတွေတွေးနေလို့ ငုတ်တုတ်ကြီးမေ့နေသလိုဖြစ်နေတာလဲ  "

လက်မောင်းကိုတစ်ချက်ရိုက်ကာပြောလာတဲ့ငြိမ်းကြောင့် မိုးစက်အတွေးတွေပြတ်သွားတယ်။

"ဘာမှမတွေးပါဘူး။ ငါအိမ်ကတော့စားလာတယ်။ဒါပေမယ့်လိုက်ခဲ့မယ်လေ။ငါတစ်ယောက်တည်းမကျန်ခဲ့ချင်ဘူး "

မိုးစက်တို့အုပ်စုလည်း စကား‌ပြောရင်း ကန်တင်းဘက်လျှောက်လာခဲ့တယ်။
_____________________________________

" အဲ့တာဆို သမီးသွားပြီးနော် ဦးဟန် ဘိုင့် ဘိုင် "

ဦးဟန်က ဂတိအတိုင်းဒုတိယနေ့ရောက်တော့ ကားမှတ်တိုင်နားပဲချပေးတယ်။

Our destiny Where stories live. Discover now