Unicode
🎶 မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ ....🎶ဖေဖော်ဝါရီလ အစပိုင်းပဲရှိသေးပေမယ့် ဘတ်(စ်)ကားစီးရင်း ကားဆရာဖွင့်ထားတဲ့သီချင်းကြောင့် လမင်းပြုံးမိသွားတယ်။ သင်္ကြန်ရောက်ဖို့အများကြီး မလိုတော့ဘူးပဲ။ ဒီနေ့ကျောင်းဖွင့်ပေမယ့် မေမေ့ဆေးခန်းရက်ချိန်းလိုက်သွားပေးရတာမို့လို့ လမင်းကျောင်းကို
နေ့လယ်မှ သွားရတယ်။ မသွားလို့မဖြစ်။၁နာရီကျရင် ကျူတိုဖြေရအုန်းမယ်။ နာရီကိုကြည့်တော့ ၁၂ထိုးတော့မယ်။ နွေ့ကိုဖုန်းဆက်တော့ ကန်တင်းမှာစောင့်နေမယ်ပြောတယ်။ကျောင်းရောက်တော့ကားပေါ်ကအဆင်း ထီးဖွင့်ရတယ်။ နေကအတော်လေးပြင်းတာပဲ။ ၂လပိုင်းအစပဲရှိသေးတယ်။ နောက်လတွေကို ဘယ်လိုဖြတ်သန်းရမလဲတွေးရင်း လမင်းသက်ပြင်းခပ်ဖွဖွချလိုက်တယ်။ ကန်တင်းကိုသွားတဲ့ လမ်းတစ်လျှောက် လက်ချင်းချိတ်ထားတဲ့အတွဲတွေမြင်ရင် နွေ့ဆီရောက်ချင်စိတ်ကပိုတိုးလာတယ်။ ပိုတယ်လို့ပဲပြောပြော ဒါကလမင်းရဲ့စိတ်ရင်းအမှန်ပဲ။ ထိုင်နေကျဆိုင်ကိုရောက်တော့ နွေ့ကိုဝေ့ဝဲကြည့်လိုက်တော့ တွေ့ပါပြီ။ လမင်းရဲ့ချစ်ရသူလေး။ ဘတ်စကတ်ဘော လေ့ကျင့်ရေးသွားထားပုံရတယ်။ ဘတ်စကတ်ဘော ဝတ်စုံလေးနဲ့ပဲ။ ဒါပေမယ့် ဝိုင်းမှာထိုင်နေတာသူတစ်ယောက်တည်းမဟုတ်။ မျက်နှာချင်းဆိုင်ခုံမှာ တခြားမိန်းကလေးနှစ်ယောက်နဲ့စကားပြောနေတယ်။ သူတို့ကိုလမင်းမြင်ဖူးသလိုလိုတော့ရှိတယ်။
ဝိုင်းနားရောက်တော့ သူတို့စကားပြောနေတာရပ်သွားတယ်။ ကောင်မလေးနှစ်ယောက်က လမင်းကိုမော့ကြည့်လာပြီး ပြုံးပြလာတယ်။ လမင်းလည်းပြန်ပြုံးပြလိုက်တယ်။ နွေကသူ့ဘေးနားကခုံကို ဆွဲထုတ်ပေးတော့ လမင်း
ဝင်ထိုင်လိုက်တယ်။" ဘာစားမလဲ လမင်း "
နွေကခုံအောက်ကနေ လမင်းပေါင်ပေါ်တင်ထားတဲ့ လက်ကလေးကိုကိုင်ရင်းမေးလာတယ်။ လမင်း လက်ကိုငုံကြည့်ပြီးပြုံးမိတယ်။
" တော်ပြီ အိမ်ကနေတစ်ခါတည်းစားခဲ့တယ် "
" အဲ့တာဆို ထောပတ်သီးဖျော်ရည်လေးတော့သောက်လိုက်။ မှာပေးမယ် "
VOCÊ ESTÁ LENDO
Our destiny
Fantasiaကံကြမ္မာတွေကိုသာ ကိုယ်တိုင်ရေးရဖို့အခွင့်အရေးရှိခဲ့လို့ရှိရင်လေ မင်းနဲ့သံသရာအဆက်ဆက် တွေ့ခွင့်ရဖို့ဆုတောင်းမိမယ်။ ဆိုးရွားလှတဲ့ကံကြမ္မာတစ်ကွေ့မှာတွေ့ခဲ့ရင်တောင်မှ မင်းကငါ့အတွက်လှပတဲ့ဆုတောင်းလေးပဲ။