Our destiny (Part 5)

56 6 0
                                    

Unicode

ရေကူးကန်နားမှာလမ်းလျှောက်လိုက် ခုံမှာထိုင်လိုက်နဲ့ မိုးစက်‌နွေ ဖုန်းတစ်လုံးကိုင်ကာဝရန်တာမှာ ဂနာမငြိမ်ဖြစ်နေတယ်။ ညနေခြောက်နာရီညစာစားပြီးကတည်းက လမင်းသော်တာဆီဖုန်းဆက်မယ် မဆက်ဘူး ဝေခွဲမရဖြစ်နေတယ်။ဖုန်းကနာရီကိုကြည့်တော့ ရှစ်နာရီထိုးတော့မယ်။ဒီအချိန်လောက်ဆို အားလောက်ပြီမှတ်လား။မိုးစက်လည်း အချိန်ထပ်မဆွဲချင်တော့တာမို့ဖုန်းခေါ်ဖို့ရာနှိပ်လိုက်တယ်။တစ်ဖက်ကဖုန်းကိုင်လိုက်ရာ မိုးစက်လက်ဖျားတွေအေးစက်လာတယ်။

" ဟယ်လို "

မိုးစက်မျက်မှောင်ကြုံသွားတယ်။တစ်ဖက်ကအသံက လမင်းသော်တာ အသံမဟုတ်တာသေချာတယ်။

" ဟယ်လို လမင်းသော်တာလားမသိဘူး "

မိုးစက်လည်း အများကြီးမစဉ်းစားတော့ပဲမေးလိုက်တယ်။

" လမင်းသော်တာမဟုတ်ဘူးကွယ်။အန်တီကသူ့အမေပါ။ဘယ်သူလို့ပြောပေးရမလဲ။သူအနောက်ဖေးရောက်နေလို့ "

" မိုးစက်နွေလို့ပြောလိုက်ပါ။တကယ်လို့သူမအားရင်လည်းနောက်မှပြန်ခေါ်လိုက် "

မိုးစက်စကားတောင်မဆုံးသေးတစ်ဖက်ကလမင်းရဲ့အမေဖြစ်သူက

" လမင်းရေ ဖုန်းလာနေတယ်။မိုးစက်နွေတဲ့ "

လမင်းကို ခပ်ကျယ်ကျယ်လှမ်းခေါ်လိုက်တာကိုအတိုင်းသားကြားနေရတယ်။

" အမယ်လေး ဖြည်းဖြည်းလုပ်ပါဟယ်။ ငါ့ပန်းကန်တွေကုန်တော့မယ်။ဖုန်းလေးလာတာကိုဘာတွေပြာယာခတ်နေတာတုန်း "

" ခနလေးနော် သမီးရေ။ သူကနမော်နမဲ့ရယ် "

" ဟုတ် ရတယ် အန်တီ "

တစ်ဖက်မှ သမီးကိုပေး အမေ ဆိုပြီးလမင်းကဖုန်းကိုယူလိုက်ပုံရတယ်။နောက်တော့လည်ချောင်းရှင်းသလိုမျိုး ချောင်းကိုတစ်ချက်ဟန့်တာ ကြားလိုက်တယ်။မိုးစက်လည်းအသံမထွက်အောင်ရီမိတယ်။

" ဟယ်လို မိုးစက်နွေလား "

" အင်း ဟုတ်တယ် လမင်း "

" ဖုန်းဆက်တယ်ဆိုတော့ ကိစ္စရှိလို့လား "

" ထွေထွေထူးထူးတော့မရှိပါဘူး။ဘာလဲ။မိုးစက်ဖုန်းဆက်တာမကြိုက်လို့လား "

Our destiny Donde viven las historias. Descúbrelo ahora