Our destiny (Part 4)

56 6 0
                                    

Unicode

" အတန်းတွေသိပ်မပျက်ကြဖို့ဆရာမမှာချင်တယ်။ တက္ကသိုလ်ဆိုပေမယ့် မင်းတို့အတန်းတတ်တာရာခိုင်နှုန်းပြည့်မှ စာမေးပွဲဖြေခွင့်ရှိမှာ။အဲ့တာကြောင့် ပျော်တာလည်းပျော်ဆိုပေမယ့်စာမေးပွဲတွက် ပေါ့လို့မရဘူးနော်။ကြားကြလား "

" ဟုတ်ကဲ့ ကြားပါတယ် "

တစ်တန်းလုံးသံပြိုင်ပြန်ဖြေတော့ ဆရာမကခေါင်းငြိမ့်ပြကာ အတန်းပြင်ထွက်သွားတော့တယ်။

" အခုက အတန်းချိန်မရှိဘူးနော်။ ဒီအချိန်ပြီးမှရှိမှာ။ ငါတို့ဘာလုပ်ကြမလဲ။ ငါထမင်းစားပြီးကတည်းက ထမင်းဆိပ် တတ်ပြီး ဆရာမစာသင်တာတောင်ဘာမှန်းမသိလိုက်ဘူး "

ငြိမ်းဆုစံက ခပ်ပျင်းပျင်း ငြီးတွားတယ်။မိုးစက်လည်းဘာလုပ်ရမယ်မှန်းမသိ။ အတန်းဆက်မတတ်တော့ပဲ ပြန်ရင်ကောင်းမလားစဉ်းစားနေရင်း အကြံတစ်ခုရသွားတော့တယ်။

" ငါသွားစရာလေးရှိလို့ပြန်လိုက်အုန်းမယ်။နောက်ဆုံးချိန်မတတ်တော့ဘူးနော်။ဘိုင့် ဘိုင် "

လွယ်အိတ်ကိုညာလက်ကကိုင်ကာ ပြောရင်းပင် မိုးစက်ခပ်သွက်သွက်ထွက်လာခဲ့တယ်။အနောက်နားက ငြိမ်းဆုရဲ့ ဘာတွေများအရေးကြီးနေလဲ ဆိုတဲ့အမေးကို လက်ပြရင်းသာထွက်ခဲ့တော့တယ်။လှေကားပေါ်ကဆင်းရင်းနဲ့ အိတ်ထဲကဖုန်းကိုထုတ်ကာ ဦးဟန်ဆီဖုန်းဆက်လိုက်တယ်။

" ဟယ်လို ဦးဟန်လား "

" အေးကွယ် သမီးလေးပြော။ ကိစ္စရှိလို့လား "

" ဟိုလေ ဦးဟန်အားရင်သမီးကိုလာကြိုပေးလို့ရမလား "

" အခုလား သမီး "

" ဟုတ် ဦးဟန် "

" အားတာကအားပါတယ်။သမီးအဖေခိုင်းထားတဲ့ကိစ္စလုပ်နေတာ အခုပဲပြီးတာ။ လာကြိုတာတော့လာကြိုမယ်။ အခု ဦးဟန်ရောက်နေတဲ့နေရာကကျောင်းနဲ့ နည်းနည်းဝေးတယ်ကွယ်။နည်းနည်းတော့ကြာမယ်။ အခုတော့လာမှာပါ။နာရီဝက်လောက်တော့ကြာမယ် "

" ရတယ် ဦးဟန်။ အဲ့တာဆို သမီးကျောင်းရှေ့ကကားမှတ်တိုင်မှာပဲစောင့်မယ်နော် "

Our destiny Where stories live. Discover now