Our destiny (Part 9)

46 5 0
                                    

Unicode

ဒီနေ့ နေ့လည်စာအတူတူစားကြမယ်ဆိုပြီး ကျောင်းကကန်တင်းနားကို လမင်းကိုချိန်းထားတယ်။ဟိုတစ်ခါကထိုင်တဲ့လမင်းတို့အဆောင်နားကဆိုင်မှာပဲ မိုးစက်ထိုင်‌ေစာင့်နေတယ်။မိုးစက်ရောက်ပြီး ခဏကြာတော့ ခပ်လှမ်းလှမ်းကလာနေတဲ့ လမင်းကိုတွေ့ရတယ်။ သူကဒီနေ့မြန်မာဝတ်စုံကိုမှလက်ပြတ်လေး ခါးတိုကိုမှချိတ်ထဘီမဟုတ်ဘဲ ရိုးရိုးဝတ်ရတဲ့ထဘီကိုဝတ်ထားတာကြောင့် ခါးသိမ်သိမ်လေးနဲ့ လက်မောင်းသွယ်သွယ်ဖြူဖြူလေးက အဝေးကကြည့်ရင်တောင်လှလွန်းတယ်။ ငါ့ကိုရူးသွားအောင်လုပ်နေတာလား လမင်းသော်တာဆိုပြီး မိုးစက်အံကိုကြိတ်ကာ စိတ်ထဲမှာအော်ဟစ်နေမိတယ်။သူကမျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ရင်း ပြုံးပြတယ်။သူဆီက မိုးစက်သဘောကျတဲ့ရေမွှေးနံ့ကိုရတယ်။

" မိုးစက် ဘာမှမမှာထားဘူးလား "

" ဟင့်အင်း လမင်းလာမှတစ်ခါတည်းမှာမလို့ "

" အဲ့တာဆို လမင်းမှာပေးမယ်။ဘာစားမလဲ "

" လမင်း အဆင်ပြေတာမှာလိုက်ပါ။မိုးစက်ကဘာနေနေအဆင်ပြေပါတယ် "

" အဲ့တာဆို လမင်းမှာလိုက်တော့မယ်နော် "

မိုးစက်ခေါင်းညိမ့်ပြတော့သူကမိုးစက်ကိုပြုံးပြကာ စားပွဲထိုးကောင်လေးကိုလှမ်းခေါ်တယ်။လမင်းသော်တာနဲ့တော့ဒုက္ခပါပဲ။လူတကာကို အဲ့လိုမျိုး ခနခနပြုံးပြနေတာများလား။ ခနခနပြုံးပြလို့ရှိရင်လည်း ရီးစာတွေဖြစ်သွားတဲ့ အခါကျရင်မိုးစက်ကလွဲရင် တခြားသူတွေကိုမပြုံးပြဖို့မှာရမယ်။

" မိုးစက် တစ်ယောက်တည်းဘာတွေတွေးပြီးပြုံးနေတာတုန်း "

မိုးစက်ကိုယ့်အတွေးနဲ့ကို ကောင်လေးထွက်သွားတာတောင် သတိမထားမိဘူး။

" ဘာမှမတွေးပါဘူး လမင်းရဲ့။မှာပြီးပြီးလား "

" အင်း နှစ်ယောက်လုံးအတွက်မှာပြီးပြီ "

" ဒီနေ့ မိုးစက်ချိန်းတာမို့လို့ မိုးစက်ကျွေးပါရစေ "

" ရပါတယ်။လမင်းကိုယ့်ဟာကို ရှင်းမှာပါ "

Our destiny Where stories live. Discover now