Our destiny (Part 17)

54 5 0
                                    

Unicode

" သမီး သူနဲ့နီးစပ်ဖို့ခြေတစ်လှမ်းစလှမ်းလိုက်ပြီ ဒယ်ဒီ  "

သက်ထားပြောလိုက်တော့ တီဗွီကြည့်နေတဲ့ဒယ်ဒီက လှမ်းကြည့်လာတယ်။ သက်ထားလည်း ဆိုဖာပေါ်မှာ လှဲနေရာကနေ ထထိုင်လိုက်တယ်။ ဒယ်ဒီက စားပွဲပေါ်ကတီဗွီရီမုကိုယူပြီး အသံတိုးလိုက်တယ်။ သက်ထားစကားဆိုအမြဲဂရုတစိုက်နားထောင်ပေးတဲ့ဒယ်ဒီ့ကြောင့်ပြုံးမိတယ်။

" ငါ့သမီးလေး သူ့အကြောင်းစပြောတုန်းက ဒီအတိုင်းသာမာန်လောက်ပဲထင်နေခဲ့တာ။ တကယ်ပဲ အဲ့လောက်တောင်သဘောကျနေတာလား "

တပ်ထားတဲ့မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်လှမ်းတင်ရင်း မေးလာတယ်။

" ဟုတ် ဒယ်ဒီ ။ သမီးလေ ဘယ်ယောကျာ်းလေးကိုမှလည်းသဘောမကျခဲ့ဘူး။ မိန်းကလေးဆိုပိုဆိုးပေါ့။ ဒါပေမယ့်လေ သူ့ကိုအဲ့supermarket မှာဝင်တိုက်မိလိုက်တဲ့အချိန်ကစပြီး စွဲလမ်းခဲ့တာ။ ဖြစ်ချင်တော့ အခုကျောင်းကသူနဲ့တူနေတယ်လေ။ နောက်ပြီးသူ့မှာကောင်မလေးလည်းရှိနေတယ် "

" ကောင်မလေးလား "

" အင်း ဒယ်ဒီ "

ဒယ်ဒီအမေးကို သက်ထားသက်ပြင်းချကာဖြေတော့

" Hey Hey Daddy's  girl "

မျက်နှာချင်းဆိုင်ဆိုဖာမှာထိုင်နေတဲ့ဒယ်ဒီက လက်‌ဖျောက်နှစ်ချက်ဆင့်တီးကာ ခေါင်းငိုက်စိုက်နေတဲ့သက်ထားကို ခေါ်တယ်။

"အဲ့လိုစိတ်မညစ်ရဘူးလေ။ ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်။ လာပါအုန်း ဒယ်ဒီ့ဆီကို "

လက်နှစ်ဖက်ကိုဆန့်တန်းကာ ဒယ်ဒီကခေါ်တော့ သက်ထားလည်း ထိုင်နေရာကထပြီး ဒယ်ဒီ့ဆီကိုသွားကာ ရင်ခွင်ထဲဝင်လိုက်တယ်။

" သမီးမျက်နှာအဲ့လိုညိုးနေလို့မဖြစ်ဘူးလေ။ သမီးမာမီက သူမဆုံးခင်ကဂတိတောင်းခဲ့တယ်။
သူ့သမီးလေးကို မျက်နှာတောင်မညိုးအောင်ထားပါတဲ့။ သမီးမာမီကောင်းကင်ပေါ်ကနေ ဒယ်ဒီကိုစိတ်ဆိုးနေမယ်ကွယ်။ ပြုံးထားစမ်းပါ "

ဒယ်ဒီကပြောတော့ သက်ထားလည်းရင်ခွင်ထဲကနေ ဒယ်ဒီ့ကို‌ပြုံးပြလိုက်တယ်။

Our destiny Nơi câu chuyện tồn tại. Hãy khám phá bây giờ