Our destiny (Part 10)

50 4 0
                                    

Unicode

တီးတောင် တီးတောင် တီးတောင်။

" လမင်းရေ လမင်း ငါတို့ရောက်ပြီ။တံခါးဖွင့်ပေးပါအုန်း "

အိမ်ရှေ့ကနေ ဘဲလ်တီးနေရုံသာမက အသံကျယ်ကျယ် ကျယ်ကျယ်နဲ့လှမ်းခေါ်နေတဲ့ဇင်မာ့အသံကတံခါးကိုဖွင့်ပြီးသံပန်းပဲသော့ခတ်ထားတာကြောင့် လမင်းအိမ်ထဲကနေအတိုင်းသားကြားနေရတယ်။လမင်းလည်းအင်္ကျီကိုမြန်မြန်ဝတ်ပြီးခပ်သွက်သွက်ပဲ တံခါးသွားဖွင့်ပေးလိုက်တယ်။

" ဘယ်လို့အဲ့လောက်တောင် အော်နေတာလဲ ဇင်မာရယ်။တခြားအခန်းတွေကြားရင် တစ်မျိုးထင်နေပါအုန်းမယ်။နင်ကအကြွေးလာတောင်းနေတာကြနေတာပဲ "

" အေးဟယ် လမင်းရယ်။ငါပြောနေတာကြားပါတယ်ဆိုမှ။ခုနကလေးတင်အပေါ်ဘက်တတ်သွားတဲ့ ကောင်လေးတစ်ယောက်တောင်လှည့်ကြည့်သွားသေးတယ်။ ရှက်လိုက်တာ သူ့အစား "

တံခါးဖွင့်ပေးလိုက်တော့နှစ်ယောက်သားဝင်လာရင်း ဖြူဖြူကပြောတယ်။

" အရှေ့မှာ ခနစောင့်အုန်း။ငါခေါင်းဖြီးလိုက်အုန်းမယ် "

လမင်းပြောရင်းအခန်းထဲဝင်လာတော့ ဖြူဖြူကဧည့်ခန်းမှာပဲနေခဲ့ပေမယ့် အနောက်ကကပ်ပါလာတာ ဇင်မာ။

" လမင်းရယ် ငါ့ပုံစံကိုတစ်ချက်ကြည့်ပေးပါအုန်း။ကြည့်လို့လှရဲ့လား "

မှန်တင်ခုံရှေ့တင်ရပ်ကာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်လုပ်နေရင်း မှန်ကြည့်နေတဲ့
ဇင်မာကိုကြည့်ကာ လမင်းသက်ပြင်းချမိတယ်။

" ဇင်မာရယ် နင်ကနဂိုကတည်းကပြင်ပြင်ဆင်ဆင်နေတတ်တာမို့လို့ ကြည့်ကောင်းပါတယ်။ဘာတွေစိုးရိမ်နေတာလဲ "

" အေးနော်။အဲ့တာကိုဖြူဖြူမက ငါ့ကိုကြည့်မကောင်းဘူးပဲပြောနေလို့ "

လမင်းရီရင်းသာခေါင်းခါမိတော့တယ်။ဟိုကရွဲ့ပြောတာကိုတကယ်ထင်နေတယ်။သူတို့နှစ်ယောက်က အမြဲတမ်းတည့်တယ်ကိုမရှိဘူး။လမင်းလည်းခေါင်းဖြီးပြီး မှန်ထဲကိုကြည့်ကာမျက်မှန်တပ်လိုက်တယ်။

" ရပြီ သွားရအောင် "

ကုတင်ပေါ်မှာတင်ထားတဲ့ပိုက်ဆံအိတ်လေးယူရင်းပြောလိုက်တော့ ကုတင်ပေါ်မှာထိုင်ကာ‌ ဇင်မာကလမင်းကိုသေချာကြည့်နေတယ်။

Our destiny Onde histórias criam vida. Descubra agora