Our destiny (Part 11)

50 4 0
                                    

Unicode

ဖုန်းမှန်လင်းလာကာ ဝင်လာတဲ့မက်ဆေ့ကြောင့် မိုးစက် စာသင်နေရင်းကဖွင့်ကြည့်မိတယ်။

*လမင်းစောင့်နေကျနေရာမှာ ရောက်နေပြီ မိုးစက် *

လမင်းဆီကပဲ။မိုးစက်တို့တွဲပြီးကတည်းက အပြန်ဆို အမြဲတမ်းအတူတူပြန်ကြတယ်။ မိုးစက်အတန်းအရင်ပြီးရင်တော့ သူ့တို့အဆောင်နားမှာသွားစောင့်နေတတ်ပြီး လမင်းကအရင်ပြီးရင်တော့ မိုးစက်တို့အဆောင်ရှေ့က သစ်ပင်အောက်ကခုံတန်းလေးမှာလာစောင့်နေတတ်တယ်။

*အင်း ခနနော် လမင်း။ မိုးစက်တို့အတန်းလည်း ခနနေပြီးတော့မယ် *

စာကိုခပ်မြန်မြန်ပဲ ပြန်ပို့လိုက်တယ်။မိုးစက်တို့တွဲလာတာ ဒီနေ့နဲ့ဆို ၁၃ရက်ရှိပြီ။လမင်းက ထင်ထားတာထက်ပိုပြီး လူကပ်ပြီးတော့ အချွဲသန်တဲ့ကောင်မလေးမှန်း သိခဲ့ရတယ်။ ချစ်ရတဲ့သူမို့လို့လည်း သူဘယ်လိုပဲနေနေချစ်နေရတာပဲ။လမင်းနဲ့ချစ်သူတွေဖြစ်ပြီဆိုတဲ့အကြောင်း ဦးဟန်ကိုပြောဖြစ်တော့ ဦးဟန်က မြန်လိုက်တာဆိုပြီးအံ့ဩနေသေးတယ်။ဒါပေမယ့်အပြည့်အဝနားလည်ပေးတဲ့ဦးဟန်ပါ။

" အဲ့တာဆို ဒီနေ့ဒီမှာပဲရပ်လိုက်တော့မယ်နော် "

" ဟုတ်ကဲ့ပါ တီချယ် "

ဆရာမထွက်သွားတော့မိုးစက်စာအုပ်တွေ မြန်မြန်ပဲလွယ်အိတ်ထဲထိုးထည့်လိုက်တယ်။

" အမယ်လေး ဖြည်းဖြည်းသိမ်းလည်းရပါတယ် မိုးစက်နွေရယ်။ နင့်ကောင်မလေးကထွက်မပြေးပါဘူး "

မိုးစက်မှာ ငြိမ်းဆုစံပြောတဲ့စကားကြောင့်ပါးစပ်မစိနိုင်။ လမင်းသော်တာက ငါ့အပိုင်ပါလားဆိုတာပီတိဖြစ်ရတာလည်း အမော။

" ချစ်တာကိုး သွားပြီနော် ဘိုင့် ဘိုင် "

" ကြွ ကြွ "

မိုးစက်လည်းသူငယ်ချင်းတွေကို နှုတ်ဆက်ပြီးခက်သွက်သွက်ထွက်လာခဲ့တယ်။ သူတို့ကိုပြောပြတုန်းကလည်း နင်ခြေလှမ်းတွေပျက်နေကတည်းကငါတို့ရိပ်မိပါတယ် ဆိုပြီးသုံးယောက်လုံးက တစ်သံတည်းထွက်လာကြတယ်။မိုးစက်ဒီနေ့တစ်နေ့လုံးလမင်းကိုမတွေ့ရသေး။ဘတ်စကတ်ဘောက ကျောင်းတွင်းမေဂျာချင်းပြိုင်ပွဲနီးနေလို့ မိုးစက်တို့မနက်အစောကတည်းကလာလေ့ကျင့်ရတယ်။မနက်ပိုင်း ဖုန်းလေးပဲခနပြောဖြစ်တယ်။

Our destiny Onde histórias criam vida. Descubra agora