Our destiny(Part 6)

58 6 0
                                    

Unicode

" အမယ်လေး လမင်းရယ် ရေမွှေးတစ်ဗူးလုံးကုန်ပြီလား။ငါ့နှယ် အခန်းထဲဝင်လာတာ ရေမွှေးဗူးထဲရေဝင်ကူးနေရသလိုပဲ "

မနက်စာစားပြီးအလုပ်သွားဖို့အိတ်လာယူရင်း အခန်းထဲဝင်လာတဲ့ လမင်းရဲ့အစ်မဖြစ်သူက လမင်းကိုလှမ်းပြောတယ်။လမင်းတို့မှာညီအစ်မနှစ်ယောက်ရှိတယ်။အဖေကတော့ ဆုံးသွားတာသုံးနှစ်လောက်ရှိပြီ။ဒီတိုက်ခန်းမှာမေမေရယ်
လမင်းအစ်မရယ် လမင်းရယ်ပဲနေတယ်။အောက်ထပ်မြေညီထပ်မှာ အဘွားရယ် မေမေရဲ့အစ်မကြီးကြီးရဲ့မိသားစုတွေနေတယ်။

" နည်းနည်းပဲစွတ်တာပါ အစ်မရယ်။ဒီရေမွှေးကစစစွတ်တုန်းပဲ အရမ်းမွှေးသလိုဖြစ်နေတာပါ။နောက်ပိုင်းကျသင်းသင်းလေးကျန်ခဲ့တာကို "

" ထူးထူးဆန်းဆန်း ရေမွှေးတွေစွတ်လို့ပါလား။ရည်းစားနဲ့သွားချိန်းတွေ့မလို့လား။မှန်းစမ်း မိတ်ကပ်တွေပြင်ထားသေးတယ်လား။ အငယ်မနင်ရိုးရောရိုးရဲ့လား "

မှန်တင်ခုံရှေ့မှာခေါင်းစည်းဖို့လုပ်နေတဲ့ လမင်းနားကိုအစ်မကလာကြည့်ပြီးမေးတယ်။

" မဟုတ်ပါဘူး အစ်မရယ်။ဒီနေ့ကျောင်းမှာပွဲရှိလို့ပါ။လမင်းတို့တွေဓာတ်ပုံလှလှလေးရိုက်ဖို့
ဟိုဟာမလေးတွေက ပြင်ခဲ့ဖို့ပြောလို့ပါ "

လမင်းလည်း မနက်စောစောစီးစီးလိမ်လိုက်ရတယ်။

" ဟုတ်ပါပြီ။ ငါ့ညီမလေးကအများကြီးပြင်စရာမလိုပါဘူး။ နဂိုကတည်းက ချစ်စရာလေးရယ် "

" တကယ်လား "

" မဟုတ်ဘူး နင့်ကိုရွဲ့နေတာ "

အစ်မက လမင်းနှဖူးကိုတောက်ပြီးပြောတော့ လမင်းစူပုတ်သွားတယ်။

" အစ်မ သွားတော့မယ်။ကားစီးရင်အိတ်ကိုဂရုစိုက်အုန်း။ဟိုနေ့ကလိုဖြစ်နေမယ်။အမြဲနမော်နမဲ့ နဲ့ "

" ဟုတ် "

လမင်းလည်းအခန်းထဲကထွက်သွားတဲ့အစ်မကိုခပ်ကျယ်ကျယ်လှမ်းဖြေရင်း နှုတ်ခမ်းနီခပ်ပါးပါးလေးဆိုးလိုက်တယ်။နောက်ပြီးမှန်တင်ခုံရှေ့မှာကိုယ့်ကိုကိုယ်သေချာပြန်ကြည့်တယ်။
မိုးစက်နွေအရှေ့မှာ ကြည့်ကောင်းနေချင်တယ်။
စတွေ့ကတည်းက မနေ့ကထိတွေ့တိုင်းဖရိုဖရဲနဲ့။
မနေ့ကဆိုပိုဆိုး နေမကောင်းလို့ ပလာစတာကြီးနဲ့
ဟူဒီကြားထဲမြုပ်နေပြီး ဘာမှမလိမ်းထားတဲ့မျက်နှာနဲ့ သူ့ကိုစေ့စေ့တောင်မကြည့်ရဲဘူး။
အကုန်လုံးပြည့်စုံသွားပြီဆိုမှ မျက်မှန်တပ်ပြီး
ကုတင်ပေါ်ကလွယ်အိတ်ကို ယူကာအခန်းပြင်ထွက်ခဲ့တော့တယ်။

Our destiny Where stories live. Discover now