Unicode
နေမကောင်းဖြစ်ချင်နေတဲ့လမင်းကို မုန့်ကျွေး ဆေးတိုက်ပြီး သူအိပ်တာကိုစောင့်ပြီးမှပြန်လာလို့ မိုးစက်အိမ်ရောက်တာ နည်းနည်းတောင်မိုးချုပ်သွားတယ်။
" အမေ ဝင်လာခဲ့မယ်နော် မိုးစက်လေး "
ရေချိုးပြီး ကုတင်စွန်းမှာထိုင်ပြီး
ခေါင်းသုတ်နေတုန်း အမေကအခန်းရှေ့ကနေပြောလာတယ်။" ဝင်လာလို့ရတယ် မား "
မိုးစက်ပြောလိုက်တော့ တံခါးဖွင့်သံနဲ့အတူ အမေကဝင်လာခဲ့တယ်။ အသက်၅၀ကျော်တာတောင် လှလွန်းနေသေးတဲ့အမေကိုကြည့်ကာ မိုးစက်ပြုံးမိတယ်။
" ညဘက်တွေ ခေါင်းခဏခဏမလျှော်နဲ့လေ
မိုးစက်လေးရယ်။ မနက်ဘက်ဆို ကိစ္စမရှိဘူး "မိုးစက်လက်ထဲက သဘက်ကိုအမေကယူပြီး
မိုးစက်ကိုခေါင်းသုတ်ပေးရင်းအမေကပြောလာတယ်။" ရေကူးလိုက်လို့ပါ မားရဲ့။ မိုးစက်နောက်ဆို
ဆင်ခြင်ပါ့မယ် "မတ်တပ်ရပ်ရင်းသုတ်ပေးနေတဲ့အမေကိုဖက်ကာ အမေ့ဗိုက်ကို မျက်နှာအပ်ရင်းပြောမိတယ်။အမေ့ရဲ့ ကိုယ်သင်းနံ့လေးရတော့အလိုလိုဝမ်းနည်းလာတယ်။ အလုပ်ကိုယ်စီနဲ့မိဘတွေနဲ့ ကျောင်းတတ်နေတဲ့မိုးစက်တို့ တစ်အိမ်ထဲနေပြီးသိပ်မတွေ့ဖြစ်ကြ။ မိုးစက် အမေ့ကိုပိုတိုးဖက်လိုက်ရင်း အမေ့ကိုယ်သင်းနံ့လေးကိုတစ်ဝရှုလိုက်တယ်။
" နောက်အပတ်ထဲ ကိုလတ်မင်္ဂလာဆောင်ရှိတယ်။ အမေတို့အကုန် ကနေဒါကိုလိုက်သွားမှဖြစ်မယ် "
" ကိုလတ်က မင်္ဂလာဆောင်တော့မို့လား "
" အင်း သူ့ကောင်မလေးက ကနေဒါသူလေးပဲလေ။ ကိုယ်ဝန်တောင်နှစ်ပတ်ရနေပြီတဲ့။ အဲ့တာသူတို့ဘက် မင်္ဂလာနောက်မှဆောင်ဖို့ပြောပေမယ့် အမေတို့မြန်မာအယူအဆအရတော့ ဆောင်ပေးလိုက်ချင်လို့ပါ "
" ဝါးးး ကိုလတ်ကလည်း လက်သွက်လိုက်တာ။ ကောင်မလေးရနေတာတော့သိတယ်။ ဟိုတလောတုန်းကဖုန်းပြောတုန်းက သူပြောပြတယ် "
" အင်း အဲ့တာကြောင့်နောက်တစ်ပတ်ထဲအမေတို့ သွားကြရမယ်။ ဦးဟန်ကတော့ မနက်လေယာဉ်နဲ့ကြိုသွားပြီး စီစဉ်စရာတွေစီစဉ်အုန်းမှာ။ အမေတို့ကတော့ အလုပ်လေးတွေလက်စသတ်ရအုန်းမယ်။ အဲ့တာသမီးကိုကြိုပြီးလာပြောတာ။ ကျောင်းပျက်မှဖြစ်မှာမို့လို့။ နောက်ပြီး... "
YOU ARE READING
Our destiny
Fantasyကံကြမ္မာတွေကိုသာ ကိုယ်တိုင်ရေးရဖို့အခွင့်အရေးရှိခဲ့လို့ရှိရင်လေ မင်းနဲ့သံသရာအဆက်ဆက် တွေ့ခွင့်ရဖို့ဆုတောင်းမိမယ်။ ဆိုးရွားလှတဲ့ကံကြမ္မာတစ်ကွေ့မှာတွေ့ခဲ့ရင်တောင်မှ မင်းကငါ့အတွက်လှပတဲ့ဆုတောင်းလေးပဲ။