Unicode
' ဒုန်း ဒုန်း ဒုန်း '
" မိုးစက်ရေ ညီမလေး ထတော့လေ ၆နာရီကျော်နေပြီ။ဒီနေ့ကျောင်းပြန်တတ်ရမှာလေ။
လေ့ကျင့်ခန်းလဲ လုပ်ရအုန်းမှာကို။ ဒီအချိန်မှမထရင် ကျောင်းနောက်ကျနေမယ်။"အခန်းတံခါးကိုခေါက်ကာ လာနိူးတဲ့အစ်မဖြစ်သူကြောင့် မိုးစက်ဖြတ်ခနဲနိုးလာခဲ့တယ်။
ဘယ်လောက်ပဲအိပ်မောကျကျ အသံတိုးတိုးလေးကြားရုံနဲ့တောင် မိုးစက်ကလန့်နိုးတတ်တယ်။" ဟုတ်ကဲ့ မကြီးရေ မျက်နှာသစ်ပြီးလာခဲ့မယ် "
မိုးစက်တို့က သိပ်ပြည့်စုံလွန်းတယ်။ဖေဖေရယ် မေမေရယ် မကြီးရယ် ကိုလတ်ရယ်
မိုးစက်ရယ်။ ဖေဖေက ဆောက်လုပ်ရေးကုမ္ပဏီကိုပိုင်တယ်။ မေမေကလည်း ပိုးထည်ဆိုင်တွေဖွင့်ထားတာများ လက်ညိုးထိုးမလွဲ။
မကြီးကတော့ အင်ဂျင်နီယာဘွဲ့နဲ့ကျောင်းပြီးသွားပြီးကတည်းက အဖေ့ဆောက်လုပ်ရေးလုပ်ငန်းထဲ ဝင်ကူတယ်။ အကိုလတ်ကလည်း ဒီမှာဘွဲ့ရပြီးသွားကတည်းက ကနေဒါမှာသွားပြီး ကျောင်းထပ်တတ်နေတယ်။
မိုးစက်ကတော့ တက္ကသိုလ်ပထမနှစ်။ ပထမနှစ်ဝက်တတ်ပြီးပြီ။ ဒီနေ့ကဒုတိယနှစ်ဝက် စတတ်ရမယ့်နေ့။ မိုးစက် ကျောင်းမှာတော့နာမည်ကြီးတယ်။ နာမည်ကြီးရတဲ့
အကြောင်းက ဟောဒီကချောမောခန့်ညားလှတဲ့ရုပ်ရည်ကြောင့်ဆိုပြီး မှန်ထဲကြည့်ပြီး
မိုးစက်ပြုံးပြုံးကြီးတွေးနေတာ။ မိုးစက်မှာ စူးရှတဲ့မျက်ဝန်းတစ်စုံရယ် လှပတဲ့မျက်ခုံးတစ်စုံရယ် ခပ်ထင်းထင်းနှာတံရယ် ခပ်ပါးပါးရှိပြီးပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းရယ်ခပ်သွယ်သွယ်မျက်နှာရယ် ရှင်းရှင်းပြောရရင် မိန်းကလေးလိုလှတာမဟုတ်ပဲ ယောကျာ်းလေးလိုချောတာ။ မိန်းကလေးတွေနဲ့ယှဉ်ရင် ခပ်မြင့်မြင့်ရှိတဲ့ အရပ်ရယ် ဖြူလွန်းတဲ့အသားအရေကြောင့်ရယ်မို့ သူ့ရုပ်ရည်က အများကြားမှာပိုလို့ထင်းနေစေတယ်။ အဲ့တာကြောင့်လည်းကျောင်းမှာနာမည်ကြီးတယ်။ မိန်းကလေးတိုင်းရဲ့စိတ်ကူးထဲကယောကျာ်းလေးပုံစံမျိုးကို မိုးစက်ပိုင်ဆိုင်ထားတယ်။ မိန်းကလေးဖြစ်နေတာက လွဲရင်ပေါ့။ ဒါပေမယ့် မိုးစက်ရည်းစားစကားပြောခံရတာနဲ့ ရည်းစားစာပေးခံရတာကို ပထမနှစ်ဝက်မှာကြုံလိုက်ရတာက မိန်းကလေးတွေးကြီးပဲ။ အတွေးတွေကိုလတ်စသတ်ပြီး မျက်နှာသစ်ကာ လေ့ကျင့်ခန်းလုပ်ရမယ့်ဝတ်စုံလဲလိုက်တော့ ဗိုက်ကကြွက်သားတွေက အထင်းသား။
မိုးစက် လေ့ကျင့်ခန်းလုပ်ရတာကို သဘောအရမ်းကျတဲ့သူ ကျန်းမာရေးလည်းအရမ်းဂရုစိုက်တတ်တယ်။အိမ်ကသုံးထပ်မှာ ဖေဖေနဲ့မေမေက အောက်ဆုံးထပ်မှာနေ
တယ်။မကြီးနဲ့ကိုလတ်ကအလယ်ထပ်မှာ အခန်းရှိတယ်။ ကိုလတ်အခန်းကအခုတော့အလွတ်ပေါ့။ အပေါ်ဆုံးထပ်မှာ မိုးစက်အခန်းနဲ့ ဝရန်တာကိုခပ်ကျယ်ကျယ်လုပ်ထားပြီး ရေကူးကန်ထည့်ထားတယ်။ အလယ်ထပ်မှာ လေ့ကျင့်ခန်းလုပ်တဲ့စက်တွေကို အခန်းတစ်ခုလုပ်ပေးတာမို့ မနက်ပိုင်းလေ့ကျင့်ခန်းတွက် မိုးစက်တို့ဝေးဝေးသွားစရာမလိုခဲ့။လေ့ကျင့်ခန်း အခန်းထဲရောက်တော့ မကြီးကပြေးစက်ပေါ်မှာ လမ်းလျှောက်နေတယ်။
မိုးစက်လည်း လက်ထဲပါလာတဲ့ရေဗူးကိုခုံပေါ်တင်ကာ အကြောအရင်လျော့ရတယ်။
VOCÊ ESTÁ LENDO
Our destiny
Fantasiaကံကြမ္မာတွေကိုသာ ကိုယ်တိုင်ရေးရဖို့အခွင့်အရေးရှိခဲ့လို့ရှိရင်လေ မင်းနဲ့သံသရာအဆက်ဆက် တွေ့ခွင့်ရဖို့ဆုတောင်းမိမယ်။ ဆိုးရွားလှတဲ့ကံကြမ္မာတစ်ကွေ့မှာတွေ့ခဲ့ရင်တောင်မှ မင်းကငါ့အတွက်လှပတဲ့ဆုတောင်းလေးပဲ။