Our destiny (Part 13)

52 5 0
                                    

Unicode

" ဘာလို့ထပ်ငိုတာလဲ လမင်းရယ်။ ဒီတိုင်းရုပ်ရှင်လေးကို အဲ့လောက်တွေးပြီးမငိုနဲ့လေ "

မိုးစက်တို့ ပိတ်ရက်ကို dateဖြစ်ပြီး လမင်းကရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ ကြုံရာဝင်ကြည့်မိတာမှားပြီထင်တယ်။ဇာတ်ကားက အင်္ဂလိပ်ဇာတ်ကားကိုမှ ဇာတ်သိမ်းမှာမင်းသမီးကမင်းသားကိုထားသွားပြီး တခြားတစ်ယောက်နဲ့လက်ထပ်သွားတယ်။ ဇွဲမလျှော့တဲ့မင်းသားကလည်း မင်းသမီးလက်ထပ်ပြီးသွားတာတောင်
အဆင်မပြေတိုင်းပြန်လာလို့ရတယ်ဆိုပြီး ဖုန်းဆက်ပြောတဲ့နေရာမှာကတည်းက လမင်းကမျက်ရည်တွေကျပြီးငိုပါလေရော။ ရုပ်ရှင်ရုံထဲမှာ မနည်းချော့ခဲ့တာတောင် အပြင်ရောက်တော့တွေးပြီးပြန်ငိုလို့ ရုပ်ရှင်ရုံရှေ့က ထိုင်ခုံတန်းလေးမှာ မိုးစက်ထပ်ချော့နေရတယ်။

" အဲ့မင်းသားကလည်း ဒီလောက်တောင်အမှတ်မရှိတာလား။ ဒီလောက်ထိသူချစ်ပြခဲ့ပေးတာတောင် သူ့ကိုပစ်သွားတဲ့သူကိုမှ တန်းတန်းစွဲဖြစ်နေရတယ်လို့။ အမှတ်မရှိသလောက်လည်း သူကသနားဖို့ကောင်းလွန်းနေတာကို "

မျက်ရည်တွေကိုသုတ်ရင်းရှင်းပြနေတဲ့လမင်းကြောင့် မိုးစက်မှာ ရီရမလို သူနဲ့အတူလိုက်စိတ်မကောင်းဖြစ်ရမလိုနဲ့ လမ်းပျောက်နေတယ်။

" ဒါကဇာတ်လမ်းလေ လမင်းရဲ့။ ဇာတ်ညွှန်းရေးဆရာရေးထားတဲ့ ဇာတ်လမ်းတစ်ခုပဲကို။ တိတ်တော့နော်။ ဗိုက်ဆာနေရောပေါ့ ငိုရတာ။ နေ့လည်တောင်ရောက်နေပြီ တစ်ခုခုသွားစားရအောင်။ ဘာစားမလဲ "

" ကြက်ကြော် "

" လာ ဘယ်နားရှိမလဲသွားရှာကြမယ်။ကြက်ကြော်နဲ့ဗိုက်ပြည့်ပါ့မလား "

" နှစ်တုံးစားမှာလေ ‌အမေရိကန်နိုနဲ့ "

" ဟား ဟား ဟုတ်ပါပြီ။ ခုနက ငိုနေတဲ့လမင်းသော်တာလေး ဘယ်ရောက်သွားပါလိမ့် "

" မိုးစက်နော် ထပ်ငိုရမှာလား "

" အမယ်လေး စတာပါရှင်။ ထပ်တော့မငိုလိုက်ပါနဲ့ ။ သွားကြမယ် လာ "

လက်ကိုဆွဲကာ ထလိုက်တော့သူကတစ်ရှုးတွေကိုအမှိုက်ပုံးဆီအရင်သွားပစ်တယ်။ နောက်ပြီး မိုးစက်နားပြန်ရောက်လာပြီး သူ့လက်ချောင်းလေးတွေကို မိုးစက်လက်ချောင်းလေးတွေနဲ့ယှက်ပြီးတွဲတယ်။

Our destiny Donde viven las historias. Descúbrelo ahora